Language:

ဂျပန်အနီး အငြင်းပွားနေသည့် ကျွန်းသို့ ပူတင် သွားရောက်ခဲ့သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်


ဂျပန်အနီး အငြင်းပွားနေသည့် ကျွန်းသို့ ပူတင် သွားရောက်ခဲ့သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်

၁၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

NC

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းတစ်ကျွန်းသို့ ကြာသပတေးနေ့တွင် သွားရောက်ခဲ့ရာ ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါကျွန်းကို ရုရှားဘက်တွင် Iturup (အီတူရုပ်)ဟုခေါ်ဆိုပြီး ဂျပန်ဘက်တွင် Etorofu (အဲတိုရိုဖု)ဟုခေါ်ဆိုပြီး ဂျပန်နိုင်ငံ၏ အဓိကကျွန်းများအနီးရှိ Kuril ကျွန်းစုထဲမှ ကျွန်းလေးကျွန်းအနက် တစ်ကျွန်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ လက်နက်ချပြီးနောက် ရုရှားက အဆိုပါကျွန်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံက ယနေ့တိုင်၎င်းတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုနေဆဲ ဖြစ်ပါတယ်။ ပူတင်၏ အဆိုပါကျွန်းသို့ ခရီးစဉ်သည် ဂျပန်နိုင်ငံ ဒုတိယကမ္ဘာစစ်တွင် လက်နက်ချခဲ့သည့် ၈၁ နှစ်ပြည့် အထိမ်းအမှတ်နေ့ မတိုင်မီ နှစ်ရက်အလိုတွင် သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Sanae Takaichi (ဆာနေး တာကာအိချီ) က ပူတင်၏ ခရီးစဉ်သည် “ဂျပန်ပြည်သူများ၏ ခံစားချက်ကို ထိခိုက်စေပြီး လုံးဝ လက်ခံနိုင်စရာမရှိ” ဟု ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ထိုကျွန်းများ ပြန်လည်ရရှိရေးကို ရုရှားနှင့် တရားဝင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက် အရေးကြီးသည့် အခြေအနေတစ်ရပ်အဖြစ် ဂျပန်က သတ်မှတ်ထားပြီး ရုရှားဘက်က အဆိုပါကိစ္စကို အလေးအနက်ထား စဉ်းစားရန် မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် ပူတင်က ယူကရိန်းအပေါ် စစ်ဆင်ရေး စတင်ခဲ့ပြီးရုရှား၏ ယူကရိန်းကျူးကျော်မှုကို ဂျပန်က ရှုတ်ချခဲ့ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီး ရုရှားနှင့် ဂျပန်အကြား ဆက်ဆံရေးများ ပိုမိုဆိုးရွားလာခဲ့တာပါ။

#အီတူရုပ်

#ပူတင်

#ဂျပန်

#ရုရှား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin