Language:

ကာလကြာရှည်တွဲနေတဲ့ ရော်နယ်ဒိုတို့ လက်ထက်ပြီ


ကာလကြာရှည်တွဲနေတဲ့ ရော်နယ်ဒိုတို့ လက်ထက်ပြီ

၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

ဘောလုံးစူပါကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒို သူ့ရဲ့ ကာလရှည်လက်တွဲဖော် မော်ဒယ် ဂျော်ဂျီနာရိုဒရီဂွတ်ဇ်နဲ့ ပေါ်တူဂီနိုင်ငံမှာ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးက လက်ထပ်လက်စွပ်တွေ ဝတ်ဆင်ထားတဲ့ သူနဲ့ ဂျော်ဂျီနာတို့ လက်ချင်းချိတ်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီမီဒီယာက တစ်နှစ်တာ အကြီးကျယ်ဆုံးလက်ထပ်ပွဲလို့ ဖော်ပြခဲ့ပြီး သူတို့နှစ်ယောက်ဟာ လစ္စဘွန်းမြို့အနီး ကမ်းရိုးတန်းမြို့ ကတ်စ်ကိုင်စ်မြို့မှာ သြဂုတ် (၁၁)ရက်က လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ကလေး ၅ ဦးစလုံး တက်ရောက်ခဲ့ပါတယ်။

ရော်နယ်ဒိုက အဆိုပါဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဖော်ပြပြီး နာရီဝက်အကြာမှာပဲ like (၃)သန်း ကျော်သွားခဲ့ပါတယ်။

ဂျောဂျီနာအလုပ်လုပ်တဲ့ မက်ဒရစ်မြို့က (Gucci) ဆိုင်မှာ နှစ်ဦးသားဆုံတွေ့ပြီးနောက် သူတို့တွဲလာတာ (၁၀)နှစ်ကြာပြီ ဖြစ်ပါတယ်။

ရော်နယ်ဒို ရီးရဲလ်အသင်းမှာ ကစားနေချိန်က သူတို့ရဲ့ ချစ်သူသက်တမ်း အစပြုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လ (၁၁)ရက်က စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်း ကြေညာခဲ့ ပါတယ်။

ရော်နယ်ဒိုဟာ လစ္စဘွန်းအခြေစိုက် စပို့တင်း၊ မန်ချက်စတာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ ပေါ်တူဂီအတွက် ကစားခဲ့တဲ့ ကာလတလျောက် ဂိုးပေါင်း ၁၀၀၀ နီးပါး သွင်းယူခဲ့ပါတယ်။

သူဟာ မကြာခင်ကမှ ပြီးဆုံးသွားတဲ့ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆဌမအကြိမ်မြောက် ပါဝင်ကစားခဲ့တာဖြစ်ပြီး ဒီလို ကမ္ဘာ့ပြိုင်ပွဲ အများဆုံးပါဝင်ကစားတဲ့ စံချိန်ကို ရော်နယ်ဒိုနဲ့ မက်ဆီ ပူးတွဲပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

#မင်္ဂလာသတင်း

#ရော်နယ်ဒို

#ဂျော်ဂျီနာရိုဒရီဂွတ်ဇ်

#လက်ထက်ပွဲ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin