၁၂ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ကိုဇက်
“မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ်”လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောဆိုလိုက်ပါတယ်။
ယနေ့ သြဂုတ်လ (၁၀)ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်ခန့်က တာချီလိတ်ဟိုတယ်မှာကျင်းပတဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာချီလိတ်က ဟိုတယ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အမေရိကန်တောင် နိုင်ငံတည်ထောင်တဲ့ သက်တမ်းနှစ်(၃၀၀)သာရှိပြီး မြန်မာနိုင်ငံဟာ လူစတင်ကတည်းက ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိရတဲ့အတွက် မြန်မာဟာ သမိုင်းအစဉ်အလာ ကြီးမားလို့ ကံကောင်းတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ယခင်က တစ်ရက်ကို လူဦးရေ(၃)ထောင်ခန့် ဝင်လာခဲ့ပေမယ့် ယခုနှစ်အတွင်း တစ်ရက်ကို လူဦးရေ (၁)ထောင်နှုန်းခန့်သာ ဝင်ရောက်မှုရှိတေ့ာတယ်လို့ လဲသိရှိရပါတယ်။
တာချီလိတ်ဒေသကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာဖို့ ချစ်ကြည်ရေးတံတား အမှတ်(၁)ကနေ Entry Visa စနစ်ဖြင့် နိုင်ငံခြားသားများရဲ့ PassPort တို့ကို နယ်စပ်ဝင်ပေါက်မှာ ထားခဲ့ပြီး သတ်မှတ်ဧရိယာအတွင်း လည်ပတ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းက အူးဖူဒေ့ ကျေးရွာမှာပြုလုပ်တဲ့ အာခါတိုင်းရင်းသားတွေရဲ့ ရိုးရာဒါန်းစီးပွဲကို မနေ့က သြဂုတ်(၉)ရက်နေ့မှာ သွားရာက်လည်ပတ်ခဲ့ပြီး ဒီနေ့မနက် သြဂုတ်(၁၀)ရက်နေ့မှာ တာချီလိတ်မြို့နယ်အတွင်းက မယ်ခေါင်မြစ်ကမ်းမှာရှိတဲ့ ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရှိရပါတယ်။

