Language:

တူရကီကနေ ထရမ့် လျှို့ဝှက်ထွက်လာခဲ့ရတဲ့အခြေအနေ အွန်လိုင်းမှာ လှောင်ပြောင်သူအများကြီးရှိ


တူရကီကနေ ထရမ့် လျှို့ဝှက်ထွက်လာခဲ့ရတဲ့အခြေအနေ အွန်လိုင်းမှာ လှောင်ပြောင်သူအများကြီးရှိ

၁၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တူရကီကနေ Air Force One လေယာဉ်နဲ့မဟုတ်ဘဲ အခြားလေယာဉ်တစ်စီးနဲ့ လျှို့ဝှက်ပြန်လာခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် AIနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေ နောက်ပြောင်မှုတွေ အွန်လိုင်းမှာ ဂရက်ထက်နေပါတယ်။

တူရကီမှာကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ဇူလိုင် (၈)ရက်က ထရမ့်ဟာ စစ်ဖက်ဆိုင်ရာလေယာဉ်တစ်စီးနဲ့ ပြန်လာခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းဌာနက သြဂုတ် ၁၁ ရက်က ဖော်ပြခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ရီပက်ဘလေကန် သမ္မတဟာ Air Force One နဲ့ ပြန်လာတာဖြစ်တယ်လို့ ပြောဆိုထာပါတယ်။

အီရန်က လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ထရမ့်ဟာ အန်ကာရာမြို့မှာ Air Force One လေယာဉ်အဟောင်းပေါ်ကို တက်သွားတာ ကင်မရာပုံရိပ်တွေမှာ မြင်ရပါတယ်။

သူဟာ နောက်ပိုင်းမှာ လေဆိပ်ရဲ့ အစားအသောက်ဝန်ဆောင်မှုပေးတဲ့ ကားတစ်စီးနဲ့ ပိုသေးငယ်တဲ့ လေယာဉ်တစ်စီးပေါ်သို့ လူတွေမသိနိုင်အောင် ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်က အဆိုပါဖြစ်ရပ်အကြောင်း သိထားသူတွေကို ကိုးကားပြီး အထက်ပါအတိုင်း ဖော်ပြထားပါတယ်။

Air Force One လေယာဉ်ပေါ်မှာတော့ သတင်းထောက်တွေနဲ့ အစိုးရအရရှိအချို့ တည်ကြက်အဖြစ် လိုက်ပါခဲ့ပါတယ်။

သမ္မတက မိမိကိုလုပ်ကြံဖို့ ချောင်းမြောင်းနေတဲ့ အမေရိကန်ရဲ့ ရန်သူတွေ အများကြီးရှိတယ်လို့ မကြာသေးခင်က ပြောထားပါတယ်။

နယူးယောက်တိုင်းမ်ကလည်း ဖော်ပြထားတဲ့ အဆိုပါသတင်းကြောင့် အင်တာနက်သုံးသူတွေက အစားအသောက်တွေ ပြည့်နေတဲ့ ကားတစ်စီးထဲ ထရမ့်လိုက်ပါလာပုံကို AIနဲ့ ဖန်တီးထားတာအပါအဝင် အမျိုးမျိုး နောက်ပြောင်နေကြပါတယ်။

#ဒေါ်နယ်ထရမ့်

#တူရကီ

#ထွက်ပြေး

#အမေရိကန်သမ္မတ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin