၁၅ ဩဂုတ် ၂၀၂၆(Eastern Thanlwin)
ဇင်ကြီး
တရုတ်ဇနီးမယားအဖြစ် အမျိုးအသီးငယ်များကို ပို့ဆောင်ရောင်းစားခဲ့သူများကို ဩဂုတ်လ (၁၁)ရက်နေ့က မိုင်းဖြတ်မြို့မှာ လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည် မှတ်လိုက်တယ်လို့ဆိုပါတယ်။
မိုင်းဆတ်မြို့က အမျိုးသမီးငယ်(၄)ဦးကို မိုင်းလားမြို့ ဂိမ်းခုံမှာ အလုပ်ရမယ်ဆိုပြီး တရုတ်နိုင်ငံ ရွှေလီသို့ ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် ဒေါ်ရီရီမြင့်နဲ့ မမျိုးသန္တာတို့မှ ကျပ်ငွေ(၁၀)သိန်းနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ရောင်းစားခံရတဲ့ အမျိုးသမီးငယ်(၃)ဦးမှာ နောင်ဘိုရပ်ကွက်နေသူဖြစ်ပြီး တစ်ဦးမှာ မယ်ဆွမ်(တောင်)ရပ်ကွက်မှာ နေထိုင်ကြတဲ့ အမျိုးသမီးငယ်တွေဖြစ်တယ်လို့ သိရှိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး လူကုန်ကူးခဲ့တဲ့ တရားခံ(၂)ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅)အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်တရားခံ မမျိုးသန္တာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ နဲ့အတည်ပြုထုတ်ဆင့်ခဲ့တာပဲဖြစ်ပါတယ်။
ထပ်မံပြီး မန္တလေးတိုင်းဒေသကြီး နေပူရပ်ကွက်မှ အမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ် (၆)လပေါင်းသင်းနေထိုင်ရန် ကျပ်သိန်း(၂၀) စည်းရုံးခေါ်ဆောင်သွားသူ တရားခံ မင်းခန့်နှင့် ရွှေမိဆိုသူ (၂)ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၅/၄၄ နှင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် လားရှိုးတရားရုံးက ချမှတ်ခဲ့ပြီး မင်းခန့်မှာ တရားခံပြေးအဖြစ် တိမ်းရှောင်နေ တယ်လို့ သိရှိရပါတယ်။

