Language:

အပူဒဏ်ကို ခွေသားစွပ်ပြုတ်သောက်ပြီး ကာကွယ်ကြဖို့ မြောက်ကိုရီးယားနိုင်ငံသားများအား တိုက်တွန်း


အပူဒဏ်ကို ခွေသားစွပ်ပြုတ်သောက်ပြီး ကာကွယ်ကြဖို့ မြောက်ကိုရီးယားနိုင်ငံသားများအား တိုက်တွန်း

၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဗကြီး

ကိုရီးယားကျွန်းဆွယ်မှာ အပူလှိုင်း ဖြတ်သန်းနေချိန် မြောက်ကိုရီးယား နိုင်ငံသားတွေအနေနဲ့ ခွေးသားစွပ်ပြုတ်ကနေ ကြက်ရိုးပြုတ်ရည်အထိ တတ်နိုင်သမျှ အားလုံးသောက်သုံးပြီး အပူဒဏ်ကို ခုခံကြဖို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက တိုက်တွန်းထားပါတယ်။

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်အနေနဲ့လည်း အများပြည်သူနဲ့အတူ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံ သတင်းမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ (၆)ရက်က မြောက်ကိုရီးယားမှာ အပူချိန် (၃၆.၇)ဒီဂရီ ဆဲလ်စီးယပ်စ် (၉၈.၁) ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့ပြီး မြောက်ကိုရီးယားမှာ ရာသီတုမှတ်တမ်းများ ထားရှိပြီးနောက်ပိုင်း အမြင့်မားဆုံး အပူချိန်ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ်အတွင်း အပူပြင်းဆုံး သီတင်းပတ်တွေနဲ့ ကြုံတွေ့နေရချိန် ဒေသတွင်း ဆမ်ဘော့ခ် အချိန်ကာလလို့ ခေါ်ဆိုပြီး နွေရာသီရဲ့ ခွေးနေ့များလို့ မြောက်ကိုရီးယား ပြည်သူတွေက သတ်မှတ်ထားပါတယ်။

အပူဒဏ်ခံနိုင်ရေး တိုက်တွန်းချက်တွေမှာ ခွေးသားစွပ်ပြုတ်သောက်ကြဖို့ အကြံပေးထားပြီး ရိုးရာအစဉ်အလာအရ အပူဒဏ်ကို ခံနိုင်တဲ့ အစားအစာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံသားတွေက လက်ခံယုံကြည်ထားတာ ဖြစ်ပါတယ်။

ပြုံးယမ်း အထွေထွေဆေးရုံရဲ့ အကြံပြုချက်ထဲမှာ အပူဒဏ်ကာကွယ်ရေး စားသောက်ရမယ့် အစားအစာတွေအနေနဲ့ ဖရဲသီး၊ သခွားသီး ၊ ပဲအကြေနဲ့ ခွေးသားစွပ်ပြုတ် အပါအဝင် အဟာရဖြစ်စေမယ့် အစားအစာတွေ စားသောက်ဖို့ အကြံပေးထားပါတယ်။

ခွေသားစွပ်ပြုတ်ဟာ မြောက်ကိုရီးယားမှာ နွေရာသီအစဉ်အလာ စားစရာဖြစ်တယ်လို့လည်း နိုင်ငံပိုင်သင်းဌာနက ဖော်ပြထားပါတယ်။

နွေရာသီရဲ့ ခွေးနေ့အချိန်တွေမှာ ခွေးသားစွပ်ပြုတ်အရည်တွေ ကိုယ့်ခြေထောက်ပေါ်ကို သွန်ကျရင်တောင် ဆေးဖြစ်တယ်ဆိုတဲ့ ရှေးရိုးစကား ရှိကြောင်းလည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

ယခုနှစ် စောစောပိုင်းက နိုင်ငံတော် ခွေးသားချက်ပြုတ်ရေး ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့ကြောင်းလည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

(KCNA)သတင်းရဲ့ ဖော်ပြချက်မှာ ကြက်ပြုတ်ရည်ကို ဂျင်စင်းထည့်သောက်ကြဖို့လည်း အကြံပေးထားပြီး စားသောက်ဆိုင်တွေကလည်း အပူကာကွယ်ပေး အစားအစာတွေကို ကြော်ငြာရောင်းချနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရက အပူချိန်နဲ့ ဆက်စပ်တဲ့ လူသေဆုံးမှုစာရင်းကို ထုတ်ပြန်မှုမရှိပါဘူး။

#ခွေးသားစွပ်ပြုတ်

#အပူလှိုင်း

#ကင်ဂျုံအန်

#မြောက်ကိုရီးယား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin