၁၀ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ဓာတ်အားလိုင်း တိုင်ရွှေ့ပြောင်းစိုက်ထူခြင်းနှင့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ငန်းလိုအပ်ချက်အရ ၂၀၂၆ ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ အချိန်ပိုင်း ဓာတ်အားဖြတ်တောက်မည် ဖြစ်ပါသည်။
လုပ်ငန်းများဆောင်ရွက်စဉ် ပုန်းထွန်ရပ်ကွက် ၊ အမှတ် (၁) ချစ်ကြည်ရေး တံတားထိပ်မှ စဝ်စံထွန်းလမ်းကြီးတစ်လျှောက် လွယ်တော်ခမ်းကျေးရွာအထိ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မည်ဖြစ်ပါကြောင်းနှင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်ခြင်းအတွက် နားလည်သည်းခံပေးနိုင်ပါရန် မြို့မီးလင်းရေး ဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း) မှ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား လေးစားစွာ မေတ္တာရပ်ခံအသိပေး ပန်ကြားအပ်ပါသည်။

