Language:

ပစ်ခတ်မှု ဖြစ်စဥ်များအတွက် ထိုင်းကျောင်းတွေမှာ အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်မှုများ ပြုလုပ်သင်ကြားနေ


ပစ်ခတ်မှု ဖြစ်စဥ်များအတွက် ထိုင်းကျောင်းတွေမှာ အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်မှုများ ပြုလုပ်သင်ကြားနေ

၁၉ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ထိုင်းနိုင်ငံရှိ ကျောင်းတွေမှာ သေနတ်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပါက အရေးအပေါ် တုံ့ပြန်နိုင်ရေးအတွက် ပြေး၊ ပုန်း၊ တိုက်ခိုက် လေ့ကျင့်ခန်းများကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ရှိ ဆူရဆက်မွန်ထရီကျောင်းတွင် ကျောင်းသားများ ပြေး၊ ပုန်း၊ တိုက်ခိုက်” နည်းလမ်းဖြင့် လေ့ကျင့်နေကြပြီး လေ့ကျင့်ရေးတွင် ရဲတပ်ဖွဲ့တစ်ဦးက အနက်ရောင်ဝတ်စုံဝတ်ဆင်ပြီး တိုက်ခိုက်သူအဖြစ်သရုပ်ဆောင်ကာ ပစ္စတိုနှင့် ချေမှုန်းရေးရိုင်ဖယ်တို့တွင် သေနတ်ကျည်ဆံ အစစ်မဟုတ်တဲ့ လေ့ကျင့်ရေ’ကျည်များ အသုံးပြုပြီး ပစ်ခတ်သည့်ပုံစံများဖြင့် ပြုလုပ်လေ့ကျင့်နေတယ်လို့သိရပါတယ်။

လေ့ကျင့်မှုတွင် ကျောင်းသားများက သေနတ်သမားအဖြစ် သရုပ်ဆောင်သူထံမှ ထွက်ပြေးကာ စားပွဲအောက်နှင့် သော့ခတ်ထားတဲ့ တံခါးများအနောက်မှာ ပုံခိုမှုပြုလုပ်ခြင်း၊ ကျောင်းအတွင်း အသုံးအဆောင်ပရိဘောဂပစ္စည်များဖြင့် အခန်းဝင်ပေါက်များကို ပိတ်ဆို့ခြင်း၊ သေနတ်သမား စာသင်ခန်းအတွင်း ဝင်ရောက်လာပါက ကျောင်းသားများက ဝိုင်းဝန်းဖမ်းဆီးကာမြေပြင်ပေါ်တွင် ချုပ်နှောင်ခြင်း စသဖြင့် လေ့ကျင့်မှုများကိုပြုလုပ်နေတယ်လို့သိရပါတယ်။

ဒါအပြင် ကျောင်းတိုင်းမှာ လုံခြုံရေးအခြေအနေကို အထူးသတိထားနေပြီး လုပ်ခြုံရေးအစီအစဥ်တွေကို ပြင်ဆင်ကာ ကျောင်းသားများအတွက် ပုံစံအမျိုးမျိုးရှိနိုင်တဲ့ ဖြစ်စဥ်များကိုလည်း ရင်ဆိုင်တုံ့ပြန်နိုင်ရန် လေ့ကျင့်မှုများ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျောင်းတိုင်းတွင် ကျောင်းသားများရဲ့ လွယ်အိတ်များကို သတ္တုရှာဖွေစက်များဖြင့် နေ့စဉ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ကျောင်းသူ/သားများကိုလည်း ဆရာ၊ဆရာမများ ကိုယ်တိုင်သတ္တုရှာဖွေစက်များ အသုံးပြုပုံကို လေ့ကျင့်သင်ပြပေးနေတယ်လိုသိရပါတယ်။

#ပစ်ခတ်မှု

#မှုခင်း

#စာသင်ကျောင်း

#လေ့ကျင့်မှု

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin