Language:

ငွေကြေးကောက်ခံသည့် ဂိတ်တွေကို အချက်အလက်မှန်ကန်စွာ သတင်းပေးတိုင်ကြားရန် နယ်လုံဝန်ကြီးပြော


ငွေကြေးကောက်ခံသည့် ဂိတ်တွေကို အချက်အလက်မှန်ကန်စွာ သတင်းပေးတိုင်ကြားရန် နယ်လုံဝန်ကြီးပြော

၁၉ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ တာချီလိတ်မြို့မှ တောင်ကြီးမြို့အထိ လမ်းကြောင်းတစ်‌လျှောက် စစ်ဆေးရေးဂိတ်များ ငွေကြေးကောက်ခံမှုအပေါ် အချက်လက်မှန်ကန်စွာ သတင်းပေးတိုင်ကြားနိုင်သည်ဟု ရှမ်းပြည်နယ်လွှတ်တော်မှာ ပြောဆိုလိုက်တာပါ။

ရှမ်းပြည်နယ်လွှတ်တော်မှာ ကျင်းပနေတဲ့ ပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့ သြဂုတ်(၁၉)ရက်နေ့က ကျိုင်းတုံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက “သက်ဆိုင်စစ်ဆေးရေးဂိမ်များမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းများအနေနဲ့ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းများရှိပါက အချက်လက်မှန်ကန်စွာဖြင့် သက်ဆိုင်ရာဌာနများသို့ သတင်းပို့တိုင်တန်းနိုင်ပါကြောင်း” ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျိုင်းတုံမြို့ ပြည်နယ်ကိုယ်စားလှယ် ဦးဆိုင်းဟွမ်နွဲ့ က တာချီလိတ်မြို့ကနေ တောင်ကြီးမြို့အထိ တရားဝင်ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်များအား မလိုလားအပ်သောငွေကြေးများ ပေးဆောင်နေရသဖြင့် ခရီးသည်ပို့ဆောင်ရေးယဥ်များ ကုန်စည်ပို့ဆောင်ရေးယဥ်များ အချိန်အတိုအတွင်း သွားလာနိုင်ရေးအတွက် မည်ကဲ့သို့ စိစစ်ကြပ်မှတ်ပေးမည်ကို သိရှိလိုတဲ့ ကြယ်ပွင့်ပြမေးခွန်းကို မေမြန်းခဲ့တာဖြစ်ပါတယ်။

တာချီလိတ်မှ တောင်ကြီးကိုသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်း(၂)ကြောင်းရှိပြီး တစ်ကြောင်းမှာ တာချီလိတ်-ကျိုင်းတုံ-မိုင်းပျင်း-လွိုင်လင်-တောင်ကြီးလမ်းကြောင်းနဲ့ တာချီလိတ်-မိုင်းဆတ်-မိုင်းတုံ-လင်းခေး-နမ့်ဆန်-တောင်ကြီး လမ်းကြောင်းနှစ်ကြောင်းရှိခြင်းဖြစ်ပါတယ်။

ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်ပြီး လုံခြုံရေးဂိတ် စစ်ဆေးရေးဂိတ်များကိုလည်း တိုင်းအထက်ဌာနမှ ညွှန်ကြားချက်အရ ဂိတ်တွေကို ထက်မှန်လျော့ချပေးနေပြီဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနများကိုလည်း အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

#တရားမဝင်ကုန်စည်

#ငွေကြေးကောက်ခံ

#ပြည်နယ်လွှတ်တော်

#နယ်လုံဝန်ကြီး

#ကျိုင်းတုံ

#တောင်ကြီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin