၁၈ နိုဝင်ဘာ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပဥ္စမပုံမှန်အစည်းဝေးကို ဒီဇင်ဘာ(၁၀)ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမမှာ ပြန်လည်ကျင်းပမယ်လို့ ရှမ်းပြည်နယ်လွှတ်တော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၈၊ ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးကို အောက်တိုဘာလ (၅)ရက်မှ (၉)ရက် အထိ (၅)ရက်တာ ကျင်းပခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြ မေးခွန်း (၈၄)ခု နဲ့ ကြယ်ပွင့်မပြမေးခွန်း (၈၉) ခုမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃)ရက်ကလည်း ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(ဒုတိယနေ့) ခေါ်ယူကျင်းပခဲ့ပြီး လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရတဲ့ ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်က ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

