၁၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြိုနယ်၊ အင်းလျက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ၊ လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းရှိ သဘာဝရေကန်မှာ ယနေ့ နိုဝင်ဘာ (၁၈)ရက်၊ နေ့လည် (၁၂)နာရီ ( ၂၈)မိနစ်အချိန်ခန့်က ကိုရင်(၁)ပါး ရေနစ် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မှော်ဘီမြို့နယ်မီးသတ်စခန်းက သိရပါတယ်။
လောကမေတ္တာဂန္ဓာရုံဘုန်းကြီးကျောင်းရှိ သဘာဝရေကန်မှာ ကိုရင်(၁)ပါး ရေနစ်ပျောက်ဆုံးနေတဲ့ သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့တာပါ။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့တာမှာ နေ့လည် (၂)နာရီ (၆)မိနစ် အချိန်မှာတော့ သေဆုံးနေတဲ့ ကိုရင်လေး ရုပ်အလောင်းအား ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

