Language:

ထိုင်းနိုင်ငံအတွင်း သယ်ဆောင်လာတဲ့ ကက်တမင်း K ကီလို(၄၀)ခန့် မယ်ဆိုင်မှာ ဖမ်းစီးရမိ


ထိုင်းနိုင်ငံအတွင်း သယ်ဆောင်လာတဲ့ ကက်တမင်း K ကီလို(၄၀)ခန့် မယ်ဆိုင်မှာ ဖမ်းစီးရမိ

၁၈ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ထိုင်း–မြန်မာနယ်စပ် တစ်လျှောက် ထိုင်းရဲတပ်ဖွဲ့က သြဂုတ် (၁၆)ရက်နေ့ ည(၉)နာရီခန့် ကင်းလှည့်နေစဉ် မယ်ဆိုင်မြို့နယ် ဘန်မိုင်းဒဲန်း တောင်ကျေးရွာအနီးမှာ အမျိုးသား(၂)ဦးကို စစ်ဆေးရာ ပါလာတဲ့အထုတ်တွေပစ်ချပြီး မြန်မာနိုင်ငံဘက်ထဲ ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေက ဖေါ်ပြထားပါတယ်။

အမျိုးသား (၂)ဦး ပစ်ချထွက်ပြေးသွားတဲ့ အထုတ်တွေကို တာဝန်ရှိသူတွေက စစ်ဆေးရာ အဖြူရောင်နှင့် နို့နှစ်ရောင် အမှုန့်ပုံစံပစ္စည်း အထုပ် (၄၀) ကို တွေ့ရှိခဲ့ရပြီး စုစုပေါင်းအလေးချိန်မှာ ခန့်မှန်းခြေ (၄၀) ကီလိုဂရမ်ရှိပြီး ကက်တမင်း K တွေဖြစ်နေတယ်လို့ သိရှိရပါတယ်။

ထွက်ပြေးသွားတဲ့ အမျိုးသား(၂)ဦးမှာ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး မြန်မာနိုင်ငံ ဧရိယာအတွင်း ဝင်ရောက် ထွက်ပြေးသွားတာဖြစ်တဲ့အတွက် ဖမ်းဆီးရမိခဲ့ခြင်းမရှိဘူး လို့ ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အာဏာပိုင်တွေက ပစ္စည်းတွေကို သက်သေအထောက်အထားတွေ စုဆောင်းတာ၊ အသေးစိတ် စစ်ဆေးတာတွေ လုပ်ဆောင်ကာ အမှုနဲ့ဆက်စပ်သူများကိုပါ ဆက်လက်ဖော်ထုတ် ရှာဖွေနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

#မှုခင်း

#မူးယစ်ဆေးဝါး

#နယ်စပ်

#မယ်ဆိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin