Language:

“Spider-Man: Brand New Day” ဇာတ်ကား ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ၂ ဘီလီယံကို ကျော်ဖြတ်သွား


“Spider-Man: Brand New Day” ဇာတ်ကား ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ၂ ဘီလီယံကို ကျော်ဖြတ်သွား

၁၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ကမ္ဘာတစ်ဝန်းမှာလည်း “Spider-Man: Brand New Day” ရဲ့ ဝင်ငွေဟာ ဒေါ်လာ (၂) ဘီလီယံကို ကျော်လွန်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာ (၂) ဘီလီယံကျော်ခဲ့တဲ့ ရုပ်ရှင်သမိုင်းဝင် ဇာတ်ကား (၈) ကားမြောက် ဖြစ်လာပါတယ်။

Spider-Man ရဲ့ ယခင်ဇာတ်ကားဖြစ်တဲ့ “Spider-Man: No Way Home” ကတော့ ရုံတင်ပြသမှုအပြီး ကမ္ဘာတစ်ဝန်း ဒေါ်လာ (၁.၉၁၂) ဘီလီယံ ရရှိခဲ့တာကြောင့် “Brand New Day” က အဲဒီစံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“Spider-Man: Brand New Day” ရဲ့ အောင်မြင်မှုကတော့ ဆက်ပြီးမြင့်တက်နေပါတယ်။ ဒီသီတင်းပတ်ကုန်မှာ အမေရိကန်ဒေါ်လာ သန်း (၇၀) ထပ်မံရရှိခဲ့ပြီး ရုပ်ရှင်သမိုင်းတစ်လျှောက် တတိယမြောက် သီတင်းပတ် ဝင်ငွေအများဆုံးစာရင်းမှာ ဒုတိယနေရာ ရောက်ရှိခဲ့ပါတယ်။ ဒီဝင်ငွေစံချိန်ကတော့ Avatar ဇာတ်ကားနှစ်ကားလုံးကို ကျော်ဖြတ်သွားတာပါ။

ဒီဝင်ငွေက ၂၀၂၂ ခုနှစ်မှာ ပြသခဲ့တဲ့ “Avatar: The Way of Water” ရဲ့ ဒေါ်လာ (၆၇.၄) သန်းနဲ့ ၂၀၀၉ ခုနှစ်က “Avatar” ရဲ့ ဒေါ်လာ (၆၈.၄) သန်းတို့ကို ကျော်ဖြတ်ခဲ့တာပါ။ ဒါပေမဲ့ “Star Wars: The Force Awakens” ရဲ့ ဒေါ်လာ (၉၀.၂) သန်းစံချိန်ကိုတော့ မကျော်နိုင်သေးပါဘူး။

“Brand New Day” ဟာ ရုံတင်ပြီး (၁၇) ရက်အတွင်း အမေရိကန်ပြည်တွင်း ဝင်ငွေ ဒေါ်လာ (၇၈၅. ၈) သန်း ရရှိထားပြီး လက်ရှိမှာ အမြန်ဆုံးဝင်ငွေရရှိနေတဲ့ ရုပ်ရှင်အဖြစ် ဦးဆောင်နေပါတယ်။ “The Force Awakens” ရဲ့ အလားတူကာလဝင်ငွေ ဒေါ်လာ (၇၄၂.၂) သန်းနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ (၄၃) သန်းခန့် ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ “Avengers: Endgame” ကတော့ ဒေါ်လာ (၇၂၃.၇) သန်းနဲ့ နောက်မှာ ရှိနေပါတယ်။

လက်ရှိအရှိန်အတိုင်း ဆက်သွားမယ်ဆိုရင် “Brand New Day” ဟာ ရုံတင်ပြီး (၁၉) ရက်ခန့်အတွင်း ဒေါ်လာ သန်း (၈၀၀) ပြည့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “The Force Awakens” ကတော့ ဒေါ်လာသန်း (၈၀၀) ပြည့်ဖို့ (၂၃) ရက်ကြာခဲ့ပြီး ဒေါ်လာသန်း (၉၀၀) ရောက်ဖို့ နောက်ထပ် (၂၇) ရက် ကြာခဲ့ပါတယ်။

တစ်ဖက်မှာတော့ “The Odyssey” ကလည်း ရုပ်ရှင်ရုံတွေမှာ ပြိုင်ဘက်အသစ်တွေကို အသာစီးယူထားနိုင်ဆဲဖြစ်ပါတယ်။ “Brand New Day” ဟာ ဇူလိုင် (၃၁) ရက်မှာ စတင်ရုံတင်ခဲ့တာကြောင့် ဩဂုတ်လအတွင်း နှစ်ရက်ပါဝင်ခဲ့ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ဈေးကွက်ပုံမှန်မဟုတ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကို ချန်လှပ်တွက်မယ်ဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လမှာ အဖွင့်သီတင်းပတ် ဝင်ငွေ ဒေါ်လာ သန်း (၁၀၀) ကျော်တဲ့ ဇာတ်ကား မရှိနိုင်တဲ့အခြေအနေ ဖြစ်လာဖွယ်ရှိပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ “Spider-Man: Brand New Day” နဲ့ “The Odyssey” တို့က ရုပ်ရှင်ရုံတွေကို ပရိသတ်များနဲ့ ဆက်လက် ဖြည့်ဆည်းပေးနေဆဲ ဖြစ်ပါတယ်။

#ရုပ်ရှင်

#Entertainment

#Spider_Man

#BrandNewDay

#စံချိန်တင်

#ဇာတ်လမ်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin