Language:

ဂျပန်မှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဖမ်းစီးခံထားရတဲ့ ထိုင်းအမျိုးသမီး အမိမြေ ပြန်ရောက်


ဂျပန်မှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဖမ်းစီးခံထားရတဲ့ ထိုင်းအမျိုးသမီး အမိမြေ ပြန်ရောက်

၄ ဩဂုတ် ၂၀၂၆ (Easterm Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံမှာ ၂၈ နှစ်အရွယ်အမျိုးသမီး ဂျူသသစ်ထောင်နွိုင်က ဂျပန်နိုင်ငံ ဖူကူအိုလေဆိပ်မှာ ကော်ဖီထုပ်များအတွင်း ဝှက်ယူလာသည့် ရေခဲ(Ice/ Crystal Meth)မူယစ်ဆေးဝါးများ တွေ့မရှိ့မှုနှင့် ဖမ်းစီးခံခဲ့ရတာပဲဖြစ်ပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး သူမက မူးယစ်ဆေးဝါးပါလာသည်ကိုမသိရှိခဲ့ကြောင်း သက်အထောက်အထားပြနိုင်ခဲ့လို့ ဂျပန်နိုင်ငံရဲတပ်ဖွဲ့တွေက တရားမစွဲဆိုဘဲ ထိုင်းနိင်ငံကို ပြန်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။

သူမရဲ့ ပြောကြားချက်အရကတော့ “ပစ္စည်းထုပ်ကို Ing Ing” ဟု သိထားသည့်သူထံမှ ရရှိခဲ့ပြီး အထုပ်ကို ဖွင့်စစ်ဆေးကာ ပစ္စည်းများကို မိမိအိတ်ထဲ ပြန်ထည့်ခဲ့သော်လည်း ကော်ဖီထုပ်များအတွင်း ဝှက်ထားသည့် မူးယစ်ဆေးကို မတွေ့ခဲ့ဘူးလို့ပြောပါတယ်။ပစ္စည်းသယ်ဆောင်ခအဖြစ် ရရှိခဲ့သည့် ၃,၆၀၀ ဘတ် သည်လည်း ပုံမှန်ရရှိနေကျ ငွေပမာဏလို့လည်းထွက်ဆိုခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့တွေ စုံစမ်းမှုအရ “Ing Ing” ဟု ဆိုသူမှာ “Bang” အမည်ရှိ ဗီယက်နမ်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်နိုင်တယ်လို့ပြောဆိုထားပြီး ကော်ဖီမှုန့်ကို မူးယစ်ဆေးဖြင့် အစားထိုးထည့်သွင်းပြီးနောက် ဂျူသသစ်ထောင်နွိုင် ထံပေးပို့ခဲ့တာလို့လည်းဆိုပါတယ်။

လက်ရှိမှာ ဗီယက်နမ် မူးယစ်ဆေးမှောင်ခိုကွန်ရက်ဝင် ၂ ဦးကို ဖမ်းဝရမ်းထုတ်ထားကာ ၁ ဦးကိုဖမ်းစီးထားမိပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် ထိုင်းနှင့် ဂျပန် အာဏာပိုင်များက မူးယစ်ဆေးကွန်ရက်နှင့် ဂျပန်ဘက်ရှိ လက်ခံမည့် သူများကို ပူးပေါင်း စုံစမ်းနေတယ်လို့လည်းသိရပါတယ်။

#ဂျပန်

#မူးယစ်ဆေးဝါး

#ထိုင်းအမျိုးသမီး

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin