Language:

အမေရိကန် လေယာဉ်တင်သင်္ဘော ၃ စင်း အရှေ့အလယ်ပိုင်းရောက်


အမေရိကန် လေယာဉ်တင်သင်္ဘော ၃ စင်း အရှေ့အလယ်ပိုင်းရောက်

၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

အမေရိကန် လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာတာကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ၃ စု အဲဒီဒေသမှာ တစ်ပြိုင်နက်တည်း ဖြန့်ကျက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အီရန်က အမေရိကန်ရဲ့ တိုက်ခိုက်မှုကို စောင့်နေမှာမဟုတ်ဘဲ လိုအပ်ရင် စစ်ရေးအရ တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ သတိပေးထားပါတယ်။

ရုစဗဲ့သင်္ဘောအုပ်စုမှာ လေယာဉ်တင်သင်္ဘောအပြင် စစ်သင်္ဘော ၃ စင်းနဲ့ စစ်သည် ၅,၀၀၀ ကျော် ပါဝင်ပါတယ်။ အခြားလေယာဉ်တင်သင်္ဘောအုပ်စု ၂ စုဖြစ်တဲ့ USS George H.W. Bush နဲ့ USS George Washington တို့လည်း အရှေ့အလယ်ပိုင်းမှာ ရှိနေပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက အမေရိကန်ဟာ သံတမန်ရေးဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ပြသနေပေမဲ့ နောက်ထပ်တိုက်ခိုက်မှုအတွက် ပြင်ဆင်နေနိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်အနေနဲ့ သံတမန်ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ စစ်ရေးတိုက်ခိုက်မှု အခြေအနေအားလုံးအတွက် အသင့်ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြားတောင်ဘက်မှာ ရေနံတင်သင်္ဘော ၂ စင်း မိုင်းထိခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ အီရန်နိုင်ငံပိုင်ရုပ်သံကတော့ ၄၈ နာရီအတွင်း သင်္ဘော ၅ စင်း မိုင်းထိပြီး မီးလောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အာရှခရီးစဉ်အတွင်း အီရန်စစ်ပွဲကိစ္စကိုလည်း ဆွေးနွေးဖို့ရှိနေပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း အိုမန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးတွဲတိုက်ခိုက်မှုနဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲအခြေအနေဟာ လက်ရှိမှာလည်း တင်းမာနေဆဲဖြစ်ပါတယ်။

#လေယာဉ်တင်သင်္ဘော

#အမေရိကန်

#အီရန်

#အစ္စရေး

#အီရန်တော်လှန်ရေး

ဆက်စပ်သတင်းများ

Eastern Thanlwin