၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆီးလ်ဗားဟာ နိုင်ငံတော်အလည်အပတ်ခရီးစဉ်နဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိလာပါတယ်။
ဘရာဇီးသမ္မတတစ်ဦး ဖိလစ်ပိုင်နိုင်ငံကို နိုင်ငံတော်အလည်အပတ်ခရီး လာရောက်တာဟာ အခုအကြိမ် ပထမဆုံးဖြစ်ပါတယ်။ လူလာနဲ့အတူ ဇနီးဖြစ်သူနဲ့ ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာပြီး မနက်ဖြန်မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။
လူလာဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌရဲ့ ဧည့်သည်တော်အဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို ကိုယ်စားလှယ် ၁၀,၀၀၀ ကျော် တက်ရောက်ဖို့ မျှော်လင့်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ကနေဒါဝန်ကြီးချုပ် မတ်ကာနီ၊ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီတို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အစည်းအဝေးမှာတော့ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်း၊ စားနပ်ရိက္ခာလုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

