Language:

ထိုင်းတောင်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး ဒဏ်ရာရ


ထိုင်းတောင်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသား ၃ ဦး ဒဏ်ရာရ

၁၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံတောင်ပိုင်း စတုန်နဲ့ ဆုန်ခလာခရိုင်တွေမှာ ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စတုန်ခရိုင် ထုန်ဝါမြို့နယ်မှာ လုံခြုံရေးဂိတ်အနီး လမ်းဘေးဗုံး ၂ လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးစတွေကြောင့် ကျောင်းသား ၁၁ ဦး လိုက်ပါလာတဲ့ ဗန်ကားကို ထိမှန်ခဲ့တာပါ။ ဒဏ်ရာရကျောင်းသား ၃ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တာကြောင့် စတုန်ဆေးရုံကို ထပ်မံလွှဲပြောင်းခဲ့ရပါတယ်။

အလားတူ ဆုန်ခလာခရိုင် ဆာဒေါင်နဲ့ ချာနာမြို့နယ်တွေမှာလည်း လျှပ်စစ်ဓာတ်တိုင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှု ၃ နေရာ ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ဒါ့အပြင် ယမန်နေ့က စတုန်ခရိုင်နဲ့ ယာလာခရိုင်တွေမှာလည်း ဗုံးခွဲမှုနဲ့ မီးရှို့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရအဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ လုံခြုံရေးကင်မရာတွေ ပျက်စီးခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက တိုက်ခိုက်မှုတွေကို ရှုတ်ချထားပြီး ဒေသတွင်း လုံခြုံရေးတိုးမြှင့်ကာ တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ စုဆောင်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်မှုတွေနောက်ကွယ်က အဖွဲ့နဲ့ ဖြစ်စဉ်တွေ အချင်းချင်းဆက်စပ်မှုရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

#ဗုံးပေါက်ကွဲမှု

#ထိုင်တောင်ပိုင်း

#လုံခြုံရေးဂိတ်

#ကျောင်းသား

ဆက်စပ်သတင်းများ

Eastern Thanlwin