၁၂ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
IM
မြောက်ကိုရီးယားသည် ဗလစ်စတစ် ဒုံးကျည် အများအပြားကို တနင်္လာနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ပြုံယမ်းအနီးမှ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့က ပြောသည်ဟု နိုင်ငံတကာ မီဒီယာများ၌ ဖောပြထားချက်အရ သိရပါတယ်။
ဒုံးကျည်များသည် အမျိုးအစား မတူညီဘဲ အမျိုးအစား တစ်မျိုးကို ကီလိုမီတာ ၉၀၀ ကျော် ပျံသန်းနိုင်ကာ အရှေ့ပင်လယ်ဘက်သို့ ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
ဂျပန် ကမ်းရိုးတန်း စောင့်တပ်ကလည်း ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး နှစ်စင်းစလုံး ကျရောက်ပြီးဖြစ်ဟု စောစီးစွာ ပြောဆိုထားပြီး ဤပစ်လွှတ်မှုသည် တစ်လအတွင်း စတုတ္ထအကြိမ် ဖြစ်ပြီး ဒုံးကျည်များ၏ အသေးစိတ် အချက်အလက်များကို အာဏာပိုင်များက ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
တောင်ကိုရီးယား အမျိုးသား လုံခြုံရေးရုံးက ယင်းနေ့မှာပင် အရေးပေါ် လုံခြုံရေး အစည်းအဝေးကို ခေါ်ယူခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ဦးစီးချုပ်များအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အဲ့ဒီ ဒုံးကျည် ပစ်လွှတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ ချိုးဖောက်မှုဟု ရှုံ့ချခဲ့ပြီး ချက်ချင်း ရပ်တန့်ရန်လည်း အစည်အဝေးမှာ တောင်းဆိုခဲ့ကြပါတယ်။
အစည်းအဝေးသည် တောင်ကိုရီးယား၏ အသင့်အနေအထားကို ပြန်လည် သုံးသပ်ခဲ့ပြီး လိုအပ်သော အစီအမံများကိုလည်း ညွှန်ကြားခဲ့ကာ အပြည့်အဝ အသင့်ပြင်ထားရန် လိုအပ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက အလေးပေး ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဂျပန်တို့နှင့်လည်း သတင်း အနီးကပ် ဖလှယ်နေပြီး တောင်ကိုရီးယား စစ်တပ်ကမူ စောင့်ကြည့်မှုများကို အားဖြည့်ထားပြီး အသင့်အနေအထားကိုလည်း မြှင့်တင်ထားသည်ဟု ဆိုသည်။
ဤပစ်လွှတ်မှုမတိုင်မီ ရက်ပိုင်းအတွင်း နှစ်နိုင်ငံစလုံးက လက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသေးပြီး နောက်ထပ် ပစ်လွှတ်မှုများ ရှိလာနိုင်ခြေကို အိမ်နီးချင်း နိုင်ငံများက အနီးကပ် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

