Language:

တောဝက်သားနဲ့ ဖြူ အသေကောင် သယ်ဆောင်လာသူကို တရားမဝင် အမဲလိုက်မှုနဲ့ ဖမ်းဆီး


တောဝက်သားနဲ့ ဖြူ အသေကောင် သယ်ဆောင်လာသူကို တရားမဝင် အမဲလိုက်မှုနဲ့ ဖမ်းဆီး

၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်ခရိုင်မှာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် အမဲလိုက်ခဲ့တဲ့အတွက် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒေသတွင်း သတင်းတွေက ဖေါ်ပြထားပါတယ်။

ဒွိုင်ဖာချန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှာ အောက်တိုဘာ ၁၁ ရက်က တာဝန်ရှိသူတွေ လှည့်ကင်းဆောင်ရွက်နေစဉ် နံပါတ်ပြားမပါတဲ့ အပြာရောင် ဟွန်ဒါဆိုင်

ကယ်ကို မောင်းနှင်လာသူတစ်ဦးကို တွေ့ရှိခဲ့ရာက အပြာရောင်အိတ်ကြီးတစ်လုံးအတွင်း တောဝက်နဲ့ဖြူကောင်အသေတစ်ကောင်တို့ကို တွေ့ရှိတဲ့အတွက် တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာပါ။

တာဝန်ရှိသူတွေက စစ်ဆေးရာမှာ အိတ်အတွင်းက သတ်ဖြတ်ပြီး အပိုင်းငါးပိုင်းခွဲပြီးထည့်ထားတဲ့ တောဝက်အသေ ၅၆ ကီလိုဂရမ်ခန့်၊ ဖြူကောင်အသေတစ်ကောင် ၃ ကီလိုဂရမ်ခန့်နဲ့ ဓားတစ်ချောင်းတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် အမျိုးသားကို ခွင့်ပြုချက်မရှိဘဲ ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်မှု၊ တိရစ္ဆာန်အသေကောင်တွေကို လက်ဝယ်ထားရှိမှုနဲ့ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုတို့အပြင် သစ်တောဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ပါ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၉ ရက်ကလည်း ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်အတွင်းမှာ အမဲလိုက်ဖို့ ရည်ရွယ်ချက်နဲ့ တောထဲဝင်လာတယ်လို့ သံသယရှိသူ အမျိုးသားတစ်ဦးကို ဒွိုင်လွမ်အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးခံရသူကို သက်သေခံပစ္စည်း ကျည်ဆန်တစ်စုံ၊ ဓားတစ်ချောင်း၊ ဦးခေါင်းတပ်ဓာတ်မီးတစ်လုံးနဲ့ ပုဆိန်တစ်လက်နဲ့အတူ အမျိုးသားဥယျာဉ်ဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

#တရားမဝင်အမဲလိုက်မှု

#ဘေးမဲ့တော

#တောဝက်

#ဖြူ

#ဖယောင်းခရိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin