၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
အမေရိကန်က မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လိုက်ပြီလို့ အမေရိကန် အရာရှိတွေ အပါအဝင် ယင်းကိစ္စကို သိရှိသူများက Reuters သတင်းဌာနသို့ ပြောဆိုချက်တွေအရ သိရပါတယ်။
ယင်းမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအာဏာပိုင်းများကို သီးခြားထားရန် ကြိုးပမ်းမှုကနေ သိသိသာသာ ပြောင်းလဲသွားတာလို့ ဆိုထားပါတယ်။
စက်တင်ဘာ ၁၅-၁၆ ရက်က နေပြည်တော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အမေရိကန် ထောက်လှမ်းရေးနဲ့ သုတေသန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Vance တို့ တွေ့ဆုံခဲ့ပြီး ယင်းမှာ အဆင့်အမြင့်ဆုံး တွေ့ဆုံမှု ဖြစ်တယ်လို့ ဆိုပါတယ်။
တွေ့ဆုံမှုရဲ့ မူလရည်ရွယ်ချက်မှာ ရန်ကုန်လေဆိပ်၌ ဇွန်လက ဖမ်းဆီးခံခဲ့ရသော အမေရိကန် စီးပွားရေးသမား Adam Castillo ကို လွှတ်ပေးရေးဖြစ်သော်လည်း နောက်ထပ် ဆွေးနွေးမှုများအတွက် လမ်းဖွင့်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ယင်းမတိုင်မီ ဇွန်လကလည်း တိုကျို၌ ဘဏ္ဍာရေး၊ ပြည်တွင်းလုံခြုံရေးနှင့် ပင်တဂွန် အရာရှိများ ပါဝင်သော တွေ့ဆုံမှု ရှိခဲ့ရာ Castillo မှာ ယခုနှစ် စက်တင်ဘာလမှာ လွတ်မြောက်ပြီး ပြည်နှင်ခံခဲ့ရတာပါ။
ဆွေးနွေးမှုများမှာ အမေရိကန်များကို ပစ်မှတ်ထား၍ ဒေါ်လာ ဘီလီယံချီလိမ်လည်နေသော လိမ်လည်မှုစင်တာများ ပိတ်သိမ်းရေးကို အဓိကထားပြီး FBI ကလည်း မြန်မာ အာဏာပိုင်များနဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးနေသည်ဟု ဆိုသည်။
ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိုလည်း တောင်းဆိုနေသည်ဟု ဖော်ပြထားသည်။

