၉ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
ထမနဲ နဲ့ လွန်းရာကျော်ကြိုးကြီးချိတ်တို့ကို ယူနက်စကိုစာရင်းဝင်နိုင်ဖို့ ဌာနအနေနဲ့ ဆောင်ရွက်နေတယ်လို့ ယဉ်ကျေးမှု၊ ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြောပါတယ်။
ဒေါက်တာရွှေပြည်စိုးတင်သွင်းခဲ့တဲ့ မြန်မာမှုရိုးရာအစားစရာ ထမနဲ နဲ့ မြန်မာမှုလက်ရာရက်ကန်းပညာ လွန်းရာကျော်ကြိုးကြီး ချိတ်လုပ်ငန်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်စေဖို့ ယူနက်စကိုကို ပေးပို့လုပ်ဆောင်သင့်ကြောင်း အဆိုကို အောက်တိုဘာ ၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပြီး ဝန်ကြီဌာနက ဆောင်ရွက်နေ တာတွေ ပြန်လည်ရှင်းလင်းတာမှာ အခုလို ပြောတာဖြစ်ပါတယ်။
“ မြန်မာ့ထမနဲယဉ်ကျေးမှုကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်နိုင်ဖို့ ၂၀၂၇ ခုနှစ် မတ်လ ၃၁ နေ့ နောက်ဆုံးထားပြီး တင်သွင်းနိုင်ဖို့နဲ့ လွန်ရာကျော်ကြိုးကြီးချိတ်လုပ်ငန်းကို ၂၀၂၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်တင်သွင်းရေး ကြိုးပမ်းသွားမှာဖြစ်ပါတယ် ” လို့ ဒုတယဝန်ကြီး ဦးအေးထွန်းက ဆိုပါတယ်။
အဆိုမှာ ဝန်ကြီးဌာနက ဆောင်ရွက်မယ့်လုပ်ငန်းစဉ်နဲ့ တူနေတဲ့အတွက် မှတ်တမ်းအဖြစ်သာထားရှိဖို့ ဒုတိယဝန်ကြီးက တင် ပြတဲ့အပေါ် လွှတ်တော်ကလည်း ကန့်ကွက်သူမရှိတဲ့အတွက် မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကိုလည်း ၂၀၂၃ ခုနှစ်မှာ ယူနက်စကိုစာရင်းဝင်ဖို့ တင်သွင်း ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ ယူနက်စကိုရဲ့ လူသာမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ် မှတ်ခံခဲ့ရပါတယ်။
အလားတူ မြန်မာ့သနပ်ခါးကိုလည်း ယူနက်စကို စာရင်းဝင်နိုင်ဖို့ ၂၀၂၅ ခုနှစ်မှာ တင်သွင်းခဲ့ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာ့အစားအစာတစ်မျိုးဖြစ်တဲ့ လက်ဖက်ကိုလည်း ယူနက်စကို စာရင်းဝင်နိုင်ဖို့အတွက် ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ က ယူနက်စကို ကို ပေးဖို့ထားတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။

