၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းနေတဲ့ ရေနံတင်သင်္ဘောများ အပေါ် တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနေပြီး အီရန်က ၎င်းခွင့်မပြုထားတဲ့ လမ်းကြောင်းများကို ပိတ်ဆို့မည်ဟု သတိပေးထားသည်ဟု အောက်တိုဘာ ၈ ရက်က သတင်းထွက်ပေါ်လာပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကာတာနိုင်ငံ မာဒီနတ် အရှ် ရှမာလ် မြို့၏ မြောက်ဘက် ရေမိုင် ၅၁ မိုင် အကွာ အန်တီဂွါနဲ့ ဘာဘူဒါ အလံတင် ဓာတုပစ္စည်းတင် သင်္ဘော အေဆာစ်သည် ကျည်ဆန် အများအပြား ထိမှန်ခဲ့ပြီး သင်္ဘောသား အချို့ အသေးစား ဒဏ်ရာရရှိခဲ့သည်ဟု ဗြိတိန် ရေကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။။
အောက်တိုဘာ ၅ ရက်အထိ တစ်ပတ်အတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့ရည်နဲ့ ရေနံဓာတ်ငွေ့ရည်တန်ကာများ အပေါ် တိုက်ခိုက်မှု အနည်းဆုံး ၁၂ ကြိမ် ရှိခဲ့ပြီး စစ်ပွဲ စတင်ချိန်မှ စံချိန်တင် အများဆုံးလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြတ်သန်းသွားလာမှုမှာလည်း နှစ်လကျော်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီး အီရန် အရာရှိများက ရေလက်ကြား ကို ထိန်းချုပ်ထားသည်ဟု ပြောသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ထိုပြောဆိုချက် ကို ပယ်ချခဲ့ပါတယ်။
ဒေသတွင်း အရာရှိများက တီဟီရန်သည် ပို့ကုန်လမ်းကြောင်းသစ်များ ဖွင့်ခြင်းကို ရန်လိုသော လုပ်ရပ်အဖြစ် သတ်မှတ်မည်ဟုဆိုထားပြီး ရေနံဈေးမှာလည်း တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော် အထိ ပေါက်ဈေးရှိနေပါတယ်။

