Language:

ကုန်သွယ်ရေးမှာ နှစ်နိုင်ငံငွေကြေးကို အသုံးပြုနိုင်ဖို့ အိန္ဒိယ-မြန်မာ ငွေကြေးလဲလှယ်ရေး သဘောတူညီချက် ဆွေးနွေးနေ


ကုန်သွယ်ရေးမှာ နှစ်နိုင်ငံငွေကြေးကို အသုံးပြုနိုင်ဖို့ အိန္ဒိယ-မြန်မာ ငွေကြေးလဲလှယ်ရေး သဘောတူညီချက် ဆွေးနွေးနေ

၂၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

NPW

မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ အိန္ဒိယဗဟိုဘဏ်တို့ကြား နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ငွေကြေးလဲလှယ်ရေးသဘောတူညီချက်(မူကြမ်း)ကို မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌ ဒေါက်တာ ခင်နိုင်ဦးနဲ့ အိန္ဒိယသံအမတ်ကြီးတို့ စက်တင်ဘာ (၂၈) ရက်က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အိန္ဒိယသံအမတ်ကြီးက နှစ်နိုင်ငံ ငွေကြေးလဲလှယ်ရေး သဘောတူညီချက်(မူကြမ်း)အရ မြန်မာနိုင်ငံဘဏ်တွေက အိန္ဒိယ ဘဏ်တွေမှာ အိန္ဒိယရူပီးစာရင်းဖွင့်တာ၊ အိန္ဒိယဘဏ်တွေက မြန်မာဘဏ်တွေမှာ ကျပ်ငွေစာရင်း ဖွင့်တာတွေ ဆောင်ရွက်ဖို့လို့ ဆိုပါတယ်။

အခုလို ပြည်ပအဆက်အသွယ်ဘဏ်တွေက ပြည်တွင်းဘဏ်တွေမှာ စာရင်းဖွင့်(Vostro Account) တာနဲ့ ပြည်တွင်းဘဏ် တွေက ပြည်ပအဆက်အသွယ်ဘဏ်တွေမှာ စာရင်းဖွင့်(Nostro Account)တာတွေကို အပြန်အလှန်ဖွင့်ခြင်းအားဖြင့် ကုန် သွယ်မှုကို ပိုပြီး လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်တာကြောင့် အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့လည်း မူကြမ်းနဲ့ ပတ်သက်ပြီး အချက်အလက်ဆိုင်ရာဖော်ပြချက်တွေကို စိစစ်နေသလို နှစ်နိုင်ငံ ကုန်သွယ်မှုမှာ နှစ်နိုင်ငံငွေကြေးသုံးစွဲဖို့ ဦးစားပေးဆောင်ရွက်နေပြီး Punjab National Bank မှာ ရူပီး Nostro Account ဖွင့်ထားတယ်လို့ ဗဟိုဘဏ် ဥက္ကဌ ဒေါက်တာ ခင်နိုင်ဦးက ပြောပါတယ်။

ဒါ့အပြင် Punjab National Bank ကလည်း မြန်မာနိုင်ငံပြည်တွင်းဘဏ်တွေမှာ မြန်မာကျပ်ငွေ စာရင်းဖွင့်ဖို့ ဆောင်ရွက်နေပြီး အိန္ဒိယရူပီး၊ မြန်မာကျပ်၊ ရုရှားရူလယ် ငွေကြေး သုံးမျိုးလုံး အသုံးပြုနိုင်ဖို့အတွက် ရုရှားနိုင်ငံအခြေစိုက် Sber Bank(အိန္ဒိယဘဏ်ခွဲ)မှာလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက်ကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု အနေနဲ့ စာရင်းတွေအ ရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံ၊ အိန္ဒိယနိုင်ငံက ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားရှိကာ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် ကျပ်နဲ့ ရူပီး တိုက်ရိုက်ပေးချေဖို့ သဘောတူညီထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#အိန္ဒိယ-မြန်မာ

#ကုန်သွယ်ရေး

#ငွေကြေးလဲလှယ်ရေး

#သဘောတူညီချက်

#ဆွေးနွေးနေ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin