Language:

ထိုင်းနိုင်ငံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ နိုင်ငံထဲက ထွက်သွားကြဖို့ ဝန်ကြီးချုပ် အနုတင်က ကြမ်းတမ်းတဲ့စကားတွေသုံးပြီး ပြောဆို


ထိုင်းနိုင်ငံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ နိုင်ငံထဲက ထွက်သွားကြဖို့ ဝန်ကြီးချုပ် အနုတင်က ကြမ်းတမ်းတဲ့စကားတွေသုံးပြီး ပြောဆို

၁၈ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာ သို့မဟုတ် နိုင်ငံသားတွေကို အသုံးချတဲ့ နိုင်ငံခြားသားတွေ နိုင်ငံထဲက ထွက်သွားကြဖို့ ဝန်ကြီးချုပ် အနုတင်က ပုံမှန်မဟုတ်တဲ့ စကားကြမ်းကြမ်‌တွေ သုံးပြီး သတိပေးပြောဆိုလိုက်ပါတယ်။

ခင်ဗျားတို့ သေမယ်ဆိုရင် မိခင်နိုင်ငံပြန်ပြီး သေကြဖို့ ဒီကိုလာပြီး သေဖို့မလိုပါဘူး။ ထိုင်းမှာ ပုဂ္ဂလိကသင်္ချိုင်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံခြားသားတွေကို ရည်ညွှန်းပြီး အနုတင်က စက်တင်ဘာ (၁၇) ရက်က ပြောကြားပါတယ်။

ဒေသဆိုင်ရာ အရာရှိတွေအနေနဲ့လည်း ဥပဒေစည်းကြပ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်ကြဖို့ စက်တင်ဘာ (၁၇)ရက်က ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ မူဝါဒရှင်းလင်းပွဲမှာ အနုတင်က ညွှန်ကြားထားပါတယ်။

ထိုင်းကိုရောက်လာပြီး ရိုးရိုးသားသား အလုပ်လုပ်မယ်၊ ထိုင်းဥပဒေတွေကို လေးစားပြီး ထိုင်းပြည်သူတွေကို အသုံးမချတဲ့ နိုင်ငံခြားသားတွေကို ထိုင်းက ကြိုဆိုတယ်လို့လည်းသူက ပြောဆိုခဲ့ပြီး ရန်လိုခြိမ်းခြောက် ရန်စသူတွေကိုတော့ ဥပဒေအရ အပြည့်အဝ အရေးယူဖို့အပ်တယ်လို့လည်း အနုတင်က ပြောကြားပါတယ်။

နိုင်ငံခြားသားတွေက ခွင့်ပြုချက် အသေအချာမရယူဘဲ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ သင်္ချိုင်းဆောက်လုပ်ဖို့ ကြိုးပမ်းလာနေကြချိန်မှာ သူ့ရဲ့ အထက်ပါ ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရားမဝင် လုပ်ရပ်တွေမှာ ပါဝင်တဲ့ နိုင်ငံခြားတွေကို နှင်ထုတ်ဖို့လည်း အနုတင်က ညွှန်ကြားထားပေမယ့် လေယာဉ်လက်မှတ် တန်ဖိုးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ နှင်ထုတ်ရာမှာ နှောင့်နှေး မနေသင့်ဘူးလို့ ပြောကြားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံသားတွေရဲ့ အမည်ကို သုံးတာ၊ ပါမစ်မရှိဘဲ အလုပ်လုပ်တာ၊ မြေယာ တရားမဝင် ပိုင်ဆိုင်တာ၊ ရာဇဝတ်မှု ကျူးလွန်ဖို့ ထိုင်းကို အခြေစိုက် နေရာ အဖြစ် အသုံးချတဲ့ နိုင်ငံခြားသားတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ သူက ပြောကြားပါတယ်။

#ထိုင်းဥပဒေ

#နိုင်ငံခြားသား

#ပုဂ္ဂလိကသင်္ချိုင်း

#ဝန်ကြီးချုပ်အနုတင်

#လေယာဉ်

#ရာဇဝတ်မှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin