၇ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
တောင်ကိုရီးယား Kpop ရဲ့ Black Pink အဖွဲ့ဝင် လီဆာက သူရဲ့နောက်ဆုံး တစ်ကိုယ်တော်သီချင်း “ဆာဝါဒီခ” ကို You Tube ပေါ် တင်လိုက်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူ သန်း(၈၀)နီးပါး ရှိသွားပြီဖြစ်ပါတယ်။
ထိုင်းယဉ်ကျေးမှုအကြောင်း ဘန်ကောက်မြို့မှာ အခြေစိုက်ရိုက်ကူးထားတဲ့ အဲ့ဒီ Music Viedo File ကို ထိုင်းနိုင်ငံသားများက ထိုင်းအား ကမ္ဘာ့စင်မြင့်ထက်သို့ တင်ပေးမှုအဖြစ် ချီးကျူးပြောဆိုနေကြပါတယ်။
အဲ့ဒီ Music Viedo File ဖိုင်တင်ပြီး ၂၄ နာရီ အတွင်း Youtube မှာ ကြည့်ရှုမှု သန်း ၇၀ ကျော်တဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းအဆိုတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဆာဟာ ၂၀၂၁ ကလည်း အောင်မြင်တဲ့ တစ်ကိုယ်တော်သီချင်းထုတ်ခဲ့ဖူးပြီး သူရဲ့ လာလီဆာဆိုတဲ့သီချင်းလည်း ပထမဆုံး ၂၄ နာရီအတွင်း Youtube ပေါ်မှာ ကြည့်ရှုသူအကြိမ်ရေ ၇၃ ဒဿမ ၆သန်း အထိ ရှိခဲ့ပါတယ်။
လတ်တလော Youtube ပေါ်မှာ တစ်ကိုယ်တော်သီဆိုတဲ့ သီချင်းဗီဒီယိုတွေထဲ ၂၄ နာရီအတွင်း လူကြည့်အများဆုံး ဂီတဗီဒီယိုများစာရင်းကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး လီဆာသီချင်းက ကြည့်ရှုမှု အကြိမ်ရေ ၇၃ ဒဿမ ၆ သန်းနဲ့ နံပါတ် ၁ နေရာမှာရှိနေပြီး ဆဝါဒီခသီချင်း ဗီဒီယိုကတော့ ၇၀ ဒဿမ ၈ သန်းအထိ ရှိနေတာပါ။
လီဆာရဲ့ ဆာဝါဒီခသီချင်းဟာ BTS အဖွဲ့ရဲ့ SWIM သီချင်းထက်ကျော်လွန်ပြီး ၂၄ နာရီအတွင်း လူကြည့်အများဆုံး ဂီတဗီဒီယိုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။
BTS အဖွဲ့ရဲ့ သီချင်းက ပထမဆုံးတင်တဲ့ အချိန်ကစလို့ ၂၄ နာရီအတွင်း ၃၃ ဒဿမ ၃ သန်းကျော်အထိ ကြည့်ရှုမှုစံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
သူက အသက် ၁၃ နှစ်အရွယ်ကတည်းက တောင်ကိုရီးယား ကေပေါ့ပ်လောကထဲ ဝင်ရောက်လာသူဖြစ်ပြီး ထိုင်းနိုင်ငံဇာတိဖြစ်ပါတယ်။

