Language:

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ မေးမြန်းနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးပြော


ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ မေးမြန်းနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးပြော

၇ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)

NPW

မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြှုပ်နှံမပြုလုပ်တော့ဘဲ ထွက်ခွာသွားတဲ့ ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ပြန်လည်ပြီးရင်းနှီးမြှုပ်နှံဖို့ မေးမြန်းတာတွေ ရှိတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုလာပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားတာမှာ ထည့်သွင်းဖြေဆိုတာဖြစ်ပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ကုန်သွယ်မှုတွေမှာ မြန်မာဘက်က ဘာတွေ ဖြေလျော့ပေးရမလဲ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ပြန်ထွက်သွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘာအခက်အခဲတွေရှိလို့ ပြန်လည်ထွက်သွားတာလည်း ဆိုတာတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေရာမှာ သတင်းကောင်းကြားခဲ့ရတာက ကျွန်မတို့ နိုင်ငံကနေပြီးတော့ ထွက်ခွာသွားတဲ့ အရင်စီးပွားရေးလုပ်ငန်ရှင်တွေက ပြန်လာဖို့အတွက်ကို စိတ်ဝင်စားကြောင်း မေးမြန်းနေကြတဲ့ သတင်းကောင်းတွေ ကြားခဲ့ရပါတယ် ” လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

ထပ်ပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်းရှိသလို ဖိုရမ်မှာပဲ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး၊ Digital Transformation၊ ဓါတ်သတ္တုတူးဖော်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်းမှာ B to B Mou ခုနှစ်ခု ထိုးနိုင်ခဲ့တယ်လို့လည်းသိရပြီး ဗီယက်နမ်တပ်မတော်ပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့လည်း မြန်မာတပ်မတော်ပိုင် Mytel ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှာ ၂၀၁၈ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

#ဗီယက်နမ်

#စီးပွားရေးလုပ်ငန်း

#မြန်မာနိုင်ငံ

#ရင်းနှီးမြှုပ်နှံမှု

#စိုက်ပျိုးမွေးမြူရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin