နယူးကာဆယ်လ် vs ဘုန်းမောက်
နယူးကာဆယ်အသင်းဟာ နည်းပြသစ် မက်သီယက်စ်ယိုင်စလီ လက်အောက် ရာသီအဖွင့်မှာ လီဗာပူးလ်ကို သရေ၊ စပါးကို အနိုင်ယူထားပြီး အဓိကကစားသမားတွေ ရောင်းထုတ်ထာပေမယ့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသထားနေပြီး အီလန်ဂါနဲ့ ဝစ်ဆာတို့ရဲ့ တိုက်စစ်ပိုင်းကလည်း ရရှိလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချနိုင်နေပါတယ်။ ရှေ့ပွဲစဉ်တွေမှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ညာနောက်ခံလူ လစ်ဗရာမန်တို ဘုန်းမောက်စ်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ခြေရှိလို့ နယူးကာဆဲလ် အတွက်အားတက်စရာတစ်ခုပါ။
ဘုန်းမောက်အသင်းကတော့ နည်းပြ မာကိုရို့စ်ရဲ့ High Pressing နဲ့ မြန်ဆန်တဲ့ တိုက်စစ်က အသင်းရဲ့ အားသာချက်ဖြစ်သော်လည်း ပွဲပြီးခါနီး အာရုံစူးစိုက်ပြီး နောက်ကျဂိုးပေးနေရတာကိုတော့ ရှေ့က ၂ ပွဲလုံးမှာတွေ့မြင်နေရလို့ ဘုန်းမောက်အနေနဲ့ပြုပြင်နိုင်မလာ စောင့်ကြည့်ရပါမယ်။
နယူးကာဆဲလ်အနေနဲ့ အိမ်းကွင်းဖြစ်နေတဲ့အပြင် လက်ရှိခြေစွမ်းအရ အတက်ဘက်မှာရှိနေတာမို့ ၁-၀၊ ၂-၀ လောက်နဲ့ အိမ်ကွင်းမှာ ၃ မှတ်ထပ်မံရရှိ ပါလိမ့်မယ်။

