လာအိုနိုင်ငံ နမ့်သန် (၁)(Nam Theun 1) ရေအားလျှပ်စစ်ဆည်မှ ရေလွှတ်ပမာဏ တိုးမြှင့်လိုက်တာကြောင့် ထိုင်းအရှေ့မြောက်ပိုင်း ပြည်နယ် (၅) ခုကို သတိပေး


လာအိုနိုင်ငံ နမ့်သန် (၁)(Nam Theun 1) ရေအားလျှပ်စစ်ဆည်မှ ရေလွှတ်ပမာဏ တိုးမြှင့်လိုက်တာကြောင့် ထိုင်းအရှေ့မြောက်ပိုင်း ပြည်နယ် (၅) ခုကို သတိပေး

၂၀ ဇူလိုင်လ ၂၀၂၆ (Eastern ThawLwin)

ကိုရဲ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လာအိုနိုင်ငံရှိ နမ့်သန်(၁)(Nam Theun 1) ရေအားလျှပ်စစ်ဆည်ကနေ ရေလွှတ်ပမာဏ တိုးမြှင့်လိုက်သဖြင့် မဲခေါင်မြစ်ရေ မြင့်တက်လာနိုင်ကြောင်း ထိုင်းအာဏပိုင်များက အရှေ့မြောက်ပိုင်း ပြည်နယ်(၅)ခုကို ကြိုတင်ပြင်ဆင်ထားရန် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ရုံးဆိုင်ရာ ထုတ်ပြန်ချက်အရ ထိုင်းဖက်ကမ်းရှိ မဲခေါင်မြစ်ရေသည် ဇူလိုင်လ (၁၇)ရက်ကနေ (၂၀)ရက်အတွင်း (၆၀)စင်တီမီတာမှ (၁.၃)မီတာအထိ မြှင့်တက်လာနိုင်တာကြောင်း သိရပါတယ်။

အမျိုးသားရေအရင်းအမြစ်ရုံးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထားသော ပြည်နယ် (၅)ခုက ဘုန်းကန်(Bueng kan)၊ နခွန်ဖနွန်(Nakhon Phanom)၊ မွတ်ဒါဟန်(Mukdahan)၊ အမ်နတ်ချာရွန်(Amnat Charoen) နှင့် ဥဘွန်ရတ်ချာသနီ(Ubon Ratchathani)တို့ဖြစ်ပြီး  မဲခေါင်မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းဘေးအနီးရှိ  မြေနိမ့်ဒေသများတွင် နေထိုင်သူများ သတိထားရန် တိုက်တွန်းထားပါတယ်။ 

ဘုန်းကန်(Bueng Kan)ပြည်နယ်တွင် ဘုန်ခလာ(Bung Khla)နှင့် ဘွန်းခေါင်လုံ(Bueng Khong Long)ခရိုင်များကို  အထူးသတိထားရမည် နေရာများအဖြစ် သတ်မှတ်ထားပါတယ်။

မိုးရာသီအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် လာအိုနိုင်ငံရှိ နမ့်သန်(၁)(Nam Theun) ဆည်လှောင်တမံအတွင်း ရေပမာဏမြင့်တက်လာတာကြောင့် ရေလွတ်မယ့် အစီစဥ်ကို ဇူလိူင်လ (၁၇)ရက်နေ့မှစပြီး ရေပိုလွှဲပေါက်မှတစ်ဆင့် ရေလွတ်နှုန်းကို ပြောင်းလဲတိုးမြှင့်ခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ရေလွှတ်နှုန်း တစ်စက္ကန့်ကို ကုဗမီတာ (၂၀၀)လောက်ပဲလွတ်ခဲ့ပြီး နောက်ပိုင်းမှာ တစ်စက္ကန့်ကို ကုဗမီတာ(၁၀၀၀)ကနေ (၂၅၀၀)အထိ တဖြည်းဖြည်း တိုးမြှင့်လာကာ အမြင့်ဆုံးရေလွှတ်နှုန်းကတော့ ကနဦးတစ်စက္ကန့်လျှင် ကုဗမီတာ(၂၀၀)နှင့် နှိုင်းယှဥ်ပါက(၁၂.၅)ဆအထိ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

ရေစီးဆင်းမှု ပိုများလာတာကြောင့် မဲခေါင်မြစ်ကမ်းနားရှိ အန္တရာယ်ကျရောက်နိုင်သောဒေသများတွင် ရေလျှံဝင်ရောက်နိုင်ခြေရှိကြောင်း တာဝန်ရှိသူများကလည်း  သတိပေးထားခြင်း ဖြစ်တယ်။

မြစ်ကမ်းဘေးတွင် နေထိုင်သူများအနေဖြင့် တရားဝင်သတင်းထုတ်ပြန်ချက်များကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ပါက ပစ္စည်းများကို လုံခြုံသည့်နေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားပြီး ဇူလိုင်လ (၂၀)ရက်နေ့အထိ မြစ်ရေအခြေနေကို ဆက်လက်သတိပြုစောင့်ကြည်ရန် တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin