ယာဥ်ပိုင်ရှင် အမည်‌ပြောင်းအခွန်အတွက် အွန်လိုင်းကဆောင်ရွက်နိုင်ပြီဟု ကညန ကထုတ်ပြန်


ယာဥ်ပိုင်ရှင် အမည်‌ပြောင်းအခွန်အတွက် အွန်လိုင်းကဆောင်ရွက်နိုင်ပြီဟု ကညန ကထုတ်ပြန်

၂၀ ဇူလှိုင် ၂၀၂၆  (Estern Thanlwin)

ကြည်ညို

ယာဥ်ပိုင်ရှင် အမည်‌ပြောင်းတဲ့အခါ အခွန်စိစစ်ခြင်းနဲ့ ကျသင့်ငွေပေးချေခြင်းကို  အွန်လိုင်းကတဆင့် ဆောင်ရွက်နိုင်တယ်လို့  ပြည်တွင်းအခွန်များဦးစီးဌာန (IRD)က အသိပေးထုတ်ပြန်ပါတယ်။

ကညနမှာ မှတ်ပုံတင်ထားပြီးဖြစ်တဲ့ မော်တော်ယာဉ်တွေကို လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အမည်ပြောင်းမှတ်ပုံတင်နိုင်ဖို့ အခွန်စိစစ်တဲ့ ကိစ္စရပ်တွေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှစပြီး Vehicle Automatic Valuation System (VAVS) စနစ်နဲ့ ပြောင်းလဲကျင့်သုံးသွားတော့မှာဖြစ်ပါတယ်။

htpps://vavs.ird.gov.mm မှာ မိမိရဲ့ ဖုန်းနံပါတ်ကိုအသုံးပြုပြီး စနစ်အတွင်း ဝင်ရောက်ကာ မော်တော်ယာဉ်အမှတ်နဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။

ဖြည့်သွင်းပြီးပါက  စနစ်မှ အလိုအလျောက် တန်ဖိုးစိစစ်တွက်ချက်ပေးမှာဖြစ်ပြီး တွက်ချက်မှုတွေပြီးတဲ့အခါမှာတော့ အွန်လိုင်းကနေ ကျသင့်ငွေကို ပေးချေသွားရမှာဖြစ်တယ်လို့သိရပါတယ်။

မော်တော်ယာဥ်တွေ မှတ်ပုံတင်ခြင်း ၊ သက်တမ်းတိုးခြင်းနဲ့ အခြားသောကိစ္စရပ်တွေမှာ အွန်လိုင်းကနေတဆင့် အချိန်ကုန်မြန်စေဖို့ ပြုပြင်ပြောင်းလဲမှုတွေကို ကညနကဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

ဆက်စပ်သတင်းများ

Eastern Thanlwin