သတ္တုတူးဖော်ရေးသုံး ဖောက်ခွဲရေးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကို ကန့်သတ်အသုံးပြုရန် UWSA ထုတ်ပြန်


သတ္တုတူးဖော်ရေးသုံး ဖောက်ခွဲရေးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကို ကန့်သတ်အသုံးပြုရန် UWSA ထုတ်ပြန်

၂၀ ဇူလိုင် ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အထွေထွေအတွင်းရေးမှူး ပေါင်းအိုက်ခမ်းမှ ရွှေ၊ သတ္တုအမျိုးမျိုးနဲ့ သံယံဇာတ တူးဖော်တဲ့လုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုမရှိစေဖို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိ့သူတွေကို ဇူလိုင်လ(၁၈)ရက်နေ့က ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ရွှေ၊ သတ္တုနဲ့ သံယံဇာတများကို တူးဖော်ရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးပစ္စည်းများနဲ့ ဓာတုပစ္စည်းများကို သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်ပြီး အသုံးမပြုကြဖို့နဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ တူးဖော်ကြဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

သတ္တုတူးဖော်ရေးက ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေအတွက် မှန်ကန်တဲ့နေရာတွေမှာ အသုံးပြုကြဖို့ လုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ တူးဖော်ကြရန် နည်းလမ်းနဲ့ စီမံကိုင်သွယ်ရေး ပြဌာန်းချက်တွေ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

သယံဇာတများကို တူးဖော်ရာမှာ ဖောက်ခွဲရေးပစ္စည်းများနဲ့ ဓာတုပစ္စည်းများကို အလွန်အကျွံအသုံးပြုမှုကြောင့် အလုပ်သမားပြဿနာ၊ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုတွေလည်း ရှိလာကြပြီး တချို့တစ်ချို့လုပ်ငန်းတွေမှာ သတ္တုအများအပြားရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်လာကြတယ်လို့ သိရပါတယ်။

ရွှေနဲ့ အမျိုးမျိုးသော သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် သံလွင်မြစ်နဲ့ မဲခေါင်မြစ်တို့မှာ စွန့်ပြစ်ဓာတုအဆိပ်များကြောင့် မြစ်ရေညစ်ညမ်းမှု ဆိုးဝါးစွာဖြစ်ပေါ်နေကြောင်း ထိုင်းနှင့်မြန်မာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဒီပြဋ္ဌာန်းချက်တွေမတိုင်မီက ဧပြီလ (၇)ရက်နေ့ ပန်ဆန်းမြို့၊ ယောင်ပန်ရွာမှာ ယမ်းချက်စက်ရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ဆယ်နဲ့ချီရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin