Language:

အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်


အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်

၃၁ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)

Nc

ဗီလာ VS အာဆင်နယ်

အူနိုင်းအမ်မရီရဲ့ ဗီလာအသင်းဟာ အသင်းရဲ့ အဓိကကစားသမားတွေ အများအပြားထုတ်ရောင်းပြီး ပွဲစဉ် ၁ မှာတော့ တော်တော်လေး ရှုပ်ဆိုးအကျည်းတန်ခဲ့တာပါ။

လူစာရင်းအသစ်နဲ့ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပေမယ့် အသင်းရဲ့ တိုက်စစ်၊ ကွင်းလယ်၊ နောက်တန်း၊ ဂိုးသမားကအစ အဓိကနေရာတွေကို တစ်ပြိုင်တည်း ပြောင်းလဲလိုက်ရတာကြောင့် အသင်းအတွင်း Chemistry နဲ့ Tactical familiarity လိုအပ်ချက်တွေ တွေ့နေရတာတယ်။ ဒါ့အပြင် ကွင်းလယ်က အိုနားနားက ဒဏ်ရာပြဿနာ၊ ဂိုးမက်က ပွဲပယ်ခံထားရပြီး နှစ်ယောက်စလုံးကို ဆုံးရှုံးထားရတော့ အမ်မရီအတွက် ရက်စက်လွန်းတဲ့ ထိုးနှက်ချက်တစ်ခုပါ။

အာတီတာရဲ့ အာဆင်နယ်က ဆလီဘာနဲ့ တင်ဘားတို့ မပါနိုင်လို့ အနည်းငယ် အားနည်းမယ်ထင်ရပေမယ့် ဂါဘရီယယ် ၊ ကိုင်စီဒို၊ ဘန်ဝှိုက်အပြင် အသစ်ခေါ်ထားတဲ့ ကွန်ဆာလဲရှိနေလို့ ခံစစ်ပိုင်းမှာ စိုးရိမ်စရာမရှိပါဘူး။ ဂူမာရက်စ်ကလဲ ဒီပွဲမှာ ပြန်ပါဝင်လာနိုင်ခြေရှိနေသေးပါတယ်။

အာဆင်နယ်က လက်ရှိအချိန်မှာ အားနည်ချက်ဆိုတာ ရှာဖွေဖို့ခက်ခဲနေတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်းဆိုတာ ငြင်းမရတဲ့အချက်ပါ။

နောက်ပိုင်းနှစ်တွေ ဗီလာပတ်မှာ ကစားတိုင်း အာဆင်နယ်ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့တဲ့ သမိုင်းလေးတစ်ခုလောက်ကသာ အမ်မရီနဲ့ ဗီလာတို့အတွက် ကောက်ရိုးတစ်မျှင်ပါ။

ဒီကောက်ရိုးတစ်မျှင်ကို အသုံးချနိုင်ခဲ့မယ်ဆိုရင်တော့ ရမှတ်ရတယ်ဆိုတာထပ်၊ စိတ်ဓာတ်၊ ကစားသမားတွေရဲ့ နည်းပြရဲ့ နည်းစနစ်အပေါ် ယုံကြည်လာမှု၊ နောက်ပွဲစဉ်တွေမှာ ကျရောက်လာမဲ့ဖိအား စတာတွေပါ အကျိုးကျေးဇူးရလာနိုင်တဲ့အတွက် အမ်မရီအနေနဲ့ ဖမ်းဆုပ်နိုင်မလားစောင့်ကြည့်ရပါမယ်။

#အားကစား

#အာဆင်နယ်

#အက်စတွန်ဗီလာ

#ပွဲကြိုခန့်မှန်းချက်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin