၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
ရုရှားအစိုးရပိုင် နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်း Rosatom က ၂၀၂၇ အတွင်း မြန်မာနိုင်ငံအတွက် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ကြေညာပါတယ်။
နေပြည်တော်အနီး (၃၁)မိုင်အကွာ ပေါင်းလောင်းဆည်အနီး တည်ဆောက်သွားမယ့် အဆိုပါ ဓာတ်အားပေးစက်ရုံက ကနဦးဓာတ်အား (၁၁၀) မီဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ (၃၃၀) မီဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမှဖြစ်ကြောင်း သိရပါတယ်။
ရုရှားက မြန်မာနဲ့ ပူးပေါင်းပြီး သိပ္ပံသုတေသန အလုပ်အကိုင်လေ့ကျင့်ရေး၊ နည်းပညာတက္ကသိုလ်များကြား ပညာရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံရေး လုပ်ဆောင်သွားဖို့ သဘောတူထားပါတယ်။
နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မယ့် နေရာကို စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ အနှောင့်အယှက် ဖြစ်မှာမဟုတ်ကြောင်း Rosatomက ပြောထားပါတယ်။

