Language:

တာချီလိတ်မှာ U15 league ဘောလုံးပြိုင်ပွဲ အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်


တာချီလိတ်မှာ U15 league ဘောလုံးပြိုင်ပွဲ အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်

၂၁ ဩဂုတ်လ ၂၀၂၆(Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပပြုလုပ်နေတဲ့ အသက်(၁၅)နှစ်အောက် U15 league ဘောလုံးပြိုင်ပွဲကို အိမ်ကွင်းအဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ U15 league ဘောလုံးပြိုင်ပွဲတွင် EASTREN SHAN (TCL Academy) FC နာမည်ဖြင့် တာချီလိတ်မြို့ကိုယ်စားပြု ဘောလုံးအကယ်ဒမီမှ ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး ဩဂုတ်လ (၂) ရက်နေ့က စတင်ကာ ပထမ အကျော့အဖြစ် ပြိုင်ပွဲဝင်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါ အသက် (၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ဇုန်ကြီး (၄)ဇုန်ခွဲကာ ကျင်းပနေပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် ဇုန် ဟူ၍ ခွဲခြားသတ်မှတ်ကာ EASTREN SHAN (TCL Academy) FC ကတော့ တောင်ကြီးဇုန်ကနေ အသင်း (၈)သင်းစီ ပါဝင်ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ်နဲ့ ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။

“အခုလက်ရှိ့ကွင်းပြင်နေတယ်ဆိုတာက နှစ်နိုင်ငံချစ်ကြည်ရေးပွဲပြီးရင် အဲ့ဒီ U15 league အတွက်လည်းပါတယ်၊ လောလောဆယ်တော့ EASTREN SHAN (တာချီလိတ်အကယ်ဒမီ)က (၈) ဂိုးသွင်းထားတယ် ပြီးတော့ (၂)ပွဲကစား (၂) နိုင်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး အဝေးကွင်းအဖြစ်သွားရောက်ကစားနေတာလို့ ” တာချီလိတ်မြို့နယ် အား/ကာမှု ဦးသန်းလှိုင်မှ အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။

လက်ရှိမှာတော့ ဒုတိယအကျော့အဖြစ် ပြိုင်ပွဲဝင်အသင်းစုစုပေါင်း (၈) သင်းရှိသည့်အနက် (၇)သင်းမှာ တာချီလိတ်ကို လာရောက်ကစားဖို့ တရားဝင်တင်ပြတောင်းဆိုးမှုအပေါ် အသင်းများအားလုံးက သဘောတူညီထားကာ အောက်တိုဘာလ (၁၇) ရက်နေ့ မှစတင်ကာ ပြိုင်ပွဲကျင်းပမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ပြိုင်ပွဲကိုတော့ တာချီလိတ်မြို့မ ဘောလုံးကွင်းမှာ တစ်ပတ်ကို တစ်ပွဲနှုန်းနဲ့ ကျင်းပမှာဖြစ်ပြီး အခုကျင်းပမယ့် U15 League ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ Royal-D က အဓိက Sponsor အဖြစ်ဦးဆောင်ကျင်းပနေတာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ကြတဲ့ အသင်းတွေအနေနဲ့ မြန်မာနေရှင်နယ်လိဂ်(စ်) (MNL) ကလပ်အသင်း လူငယ်အသင်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီ(MFF Academy) အသင်းများနှင့် တိုင်း/ပြည်နယ်အခြေစိုက် လူငယ်အသင်းများ ပါဝင်တယ်လို့သိရပြီး အသက်(၁၅)နှစ်အောက် ထူးချွန်တဲ့ လူငယ်ဘောလုံးသမားတွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး ကျင်းပနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

#U15League

#အသက်၁၅နှစ်အောက်

#ဘောလုံးအဖွဲ့ချုပ်

#EasternShan

#TCL_Academy

#မြို့မအားကစားကွင်း

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin