Language:

ဝမ်းပျက်ဝမ်းလျှောရောဂါအပေါ် မပေါ့ဆရန် တာချီလိတ် ကျန်းမာရေးဦးစီးဌာနက သတိပေး


ဝမ်းပျက်ဝမ်းလျှောရောဂါအပေါ် မပေါ့ဆရန် တာချီလိတ် ကျန်းမာရေးဦးစီးဌာနက သတိပေး

၁၄ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ယခုလက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းဒေသအချို့တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေတာကြောင့် တာချီလိတ်မြို့ပေါ်လူတွေအနေနဲ့ မပေါ့ဆပဲ ဂရုစိုက်ရန်လိုအပ်တယ်လို့ တာချီလိတ်မြို့ ကျန်းမာရေးဦးစီးဌာနက သတိပေးထားပါတယ်။

တာချီလိတ်မြို့အတွင်းမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု တစ်စုံတစ်ရာမရှိပေမဲ့ မြန်မာပြည်အတွင်းဒေသအချို့တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် မြို့ခံပြည်သူတွေအနေနဲ့ မပေါ့ဆသင့်ကြောင်း ပြင်ပအစားအသောက်တွေကို သန့်ရှင်းလက်ဆက်စွာ ရောင်းချမှုများပြုလုပ်ရန်နှင့် သန့်ရှင်းတဲ့ ရေသန့်ကိုသာ သောက်သုံးရန်လိုအပ်တယ်လို ကျန်းမာရေးဦးစီးဌာနက သတိပေးပြောကြားထားပါတယ်။

“ကျွန်တော်တို့မြို့က ရေကြီးရေလျှံမြို့ဖြစ်လို့ ဒါတွေက အဓိကဂရုစိုက်ဖို့လိုတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်တော့ ပြည်သူလူထုတွေအပေါ် အသိပညာပေးဖို့နဲ့ လိုအပ်တဲ့ အပိုင်းတွေမှာ ကုသရေးဦးစီးဌာနက ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ ပြင်ဆင်ထားတာတွေရှိပါတယ်။ မဖြစ်သေးဘူးဆိုပေမယ့် ပြည်သူတွေအနေနဲ့လည်း လမ်းဘေးစာနဲ့ သန့်ရှင်းတဲ့ရေကိုသာ သောက်ဖို့နှင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းနှင့် နီးဆက်ရာဆေးခန်းများကို အမြန်ဆုံးသွားရောက်ကုသရန်” တာချီလိတ်မြို့ ဒုဆေးရုံအုပ် ဒေါက်တာဖြိုးသီဟနိုင်မှ အရှေ့သံလွင်ကိုပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးက လေထုထဲကနေတစ်ဆင့် လူကိုကူးစက်တတ်တဲ့ ရောဂါပိုးမဟုတ်ပေမယ့် မိမိလက်နဲ့ အဲ့ပိုးကို ပါးစပ်ထဲထည့်မှ ကူးဆက်တဲ့ရောဂါပိုးဖြစ်တာကြောင့် လက်ကိုသန့်ရှင်းအောင် ဆေးကြောသန့်စင်ပြီး ပြင်ပအစားအစာများနဲ့ ယင်နားတဲ့အစာအစားများကို ရှောင်ကြင်ရန်လိုတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူမရှိသေးပေမယ့် ရန်ကုန်က မြို့နယ်တချို့တွေမှာ ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ရောဂါဖြစ်ပွားသူ လူဦးရေ(၁၀၀) ကျော်ထိရှိနေကာ လမ်းဘေးဈေးဆိုင်များကို ယာယီကန့်သတ် ထိန်းသိမ်းမှုတွေလည်း ရှိတယ်လို့သိရပါတယ်။

#ကျန်းမာရေး

#ဝမ်းပျက်ဝမ်းလျှော

#ကျန်းမာရေးဦးစီးဌာန

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin