မီတာအသစ်နှုန်းတွေ ထုတ်ပြန်၊ မီတာအသစ်တပ်လိုသူတွေ အွန်လိုင်းကနေ မနက်ဖြန် စတင်လျှောက်နိုင်


မီတာအသစ်နှုန်းတွေ ထုတ်ပြန်၊ မီတာအသစ်တပ်လိုသူတွေ အွန်လိုင်းကနေ မနက်ဖြန် စတင်လျှောက်နိုင်

၁၄ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)

NPW

လျှပ်စစ်ဓာတ်အား အသုံးပြုချင်ပေမယ့် မီတာမရှိသေးတဲ့ ပြည်သူများအနေနဲ့ အိမ်သုံးအပြင် စီးပွားရေး၊ စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ လျှပ်စစ်မီတာအသစ်တွေကို အစိုးရထံက ဌားရမ်းအသုံးပြုတာမှာ လျှင်မြန်စွာရရှိနိုင်ပြီး၊ တစ်ဆင့်ခံပွဲစားတွေ၊ ဝန်ထမ်းတွေရဲ့ ပါဝင်ပတ်သက်တွေကနေ ကင်းအောင်နဲ့ အချိန်နဲ့ စရိတ်စကတွေ သက်သာအောင် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅) ရက်ကစကာ Website ကတဆင့် လျှောက်ထားနိုင်ကြောင်းနဲ့ မီတာအသစ်တွေရဲ့ နှုန်းထားတွေကိုပါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မီတာအသစ်တွေရဲ့ နှုန်းထားတွေအနေနဲ့ အိမ်သုံးမီတာ ၂၅၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ(10 kW) ၁,၀၀၀,၀၀၀ ကျပ်၊ အိမ် သုံးပါဝါမီတာ(20 kW) ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ(30 kW) ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ(10 kW) ၁,၀၇၇,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ(20 kW) ၁,၃၈၂,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ(30 kW) ၁,၆၈၇,၅၀၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လျှပ်စစ်မီတာအသစ်တွေကို Website ကတဆင့် လျှောက်တာမှာ ဌာနသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လျှောက်ထားမှုတွေအတွက် သတ်မှတ်ကြေးပေးသွင်းတာမှာ ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားတွေ ပြောင်းလဲခြင်းမရှိဘဲ တရားဝင်သတ်မှတ်ထားတဲ့ အခကြေးငွေကိုပဲ သတ်မှတ်ပေးထားတဲ့ Account ကို Online ကတစ်ဆင့် ငွေပေးသွင်းရမှာဖြစ်ပြီး မီတာတပ်ဆင်လိုသူတွေအနေနဲ့ www.moee.gov.mm ကို ဝင်ရောက်လျှောက်ထားနိုင်ကာ သတ်မှတ်ချက် တွေနဲ့ကိုက်ညီရင် အမြန်ဆုံး မီတာတပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲတာ လျော့နည်းစေဖို့ စွမ်းဆောင်ရည်ကျဆင်းနေတဲ့ မီတာတွေနဲ့ အသုံးပြုသက်တမ်း နှစ် ၂၀ ကျော် မီတာများအား လဲလှယ်ပေးဖို့နဲ့ မီတာအသစ် သုံးစွဲလိုသူတွေကို တပ်ဆင်ပေးဖို့ Digital Smart Meter တွေကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ နေ့စဉ်ပို့လွှတ်သည့်ဓာတ်အားပမာဏရဲ့(၁၅.၆) ရာခိုင်နှုန်း ဖြစ်တဲ့ (၁၀.၇) ယူနစ်သန်းခန့် ဆုံးရှုံးနေပြီး နိုင်ငံတော်အနေနဲ့ ပျမ်းမျှကျပ်သန်းပေါင်း (၂၇၅၀) ကျော် နေ့စဉ် ဆုံးရှုံးနေတယ်လို့ လည်း သိရပါတယ်။

#မီတာနှုန်း

#အွန်လိုင်းစနစ်

#လျှပ်စစ်ဓါတ်အား

#မီတာလျှော့

#လျှပ်စစ်ဝန်ကြီးဌာန

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin