၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
TNA
ကရင်ပြည်နယ်၊ ဘားအံမြို၊ ကမော့ကစင်ကျေးရွာ၊ ထန်းကိုးပင်သုသာန်အနီး၊ တောင်ကြားလမ်းမှာ ယာဉ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားရာ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ (၁၇)ရက်။ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်ခန့်က အဆိုပါ နေရာမှာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ ဘားအံခရိုင်/မြို့နယ် မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တာပါ။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် မာဃလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ဘားအံမြိုနယ်ပြည်သူ့ဆေးရုံသို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#ယာဉ်(၂)စီး

