၅ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ယမန်နေ့ ဩဂုတ် ၅ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား (၄၁)ဦး ဖမ်းစီးရမိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) အုပ်စု၊ ဝေလှေလန် ပူးပေါင်းစစ်ဆေးရေးဂိအနီး ရှောင်ကွင်းလမ်းကို ရှောင်တခင် စစ်ဆေးရာကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးကို စတင် ဖမ်းဆီးရမိခဲ့ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ (၂)ဦးရဲ့ ထွက်ဆိုချက်တွေအရ ဝမ်ပုံကျေးရွာအနီးမှာ တရားမဝင် ခိုအောင်းနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ ရှိသေးကြောင်းသိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာမှ ကွင်းဆက်အနေဖြင့် နောက်ထပ် (၃၉)ဦးကို ထက်မံဖမ်းစီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄၁ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေမှ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

