Language:

အောင်မြတ်ခန်းမမှာ သြဂုတ်(၆)ရက်နေ့ လူထုတွေ့ဆုံပွဲကျင်းပမည်


အောင်မြတ်ခန်းမမှာ သြဂုတ်(၆)ရက်နေ့ လူထုတွေ့ဆုံပွဲကျင်းပမည်

၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ သြဂုတ်(၆)ရက်နေ့ ညနေပိုင်းမှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်လွှတ်တော်မှ လွှတ်တော်ဥက္ကဌနဲ့ တာချီလိတ်ခရိုင်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသခံပြည်သူတွေပါဝင်တဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်မယ်လို့ သိရှိရပါတယ်။

လူထုတွေ့ဆုံပွဲမှာ ဒေသခံတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲများ တင်ပြအကူအညီတောင်းခံနိုင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော်က ပြန်လည်ဖြေကြားရှင်းမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

“လူထုတွေ့ဆုံပွဲရှိတာကဟုတ်ပါတယ် အချိန်တော့ ညနေပိုင်းဖြစ်ဖို့များတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ လူထုကလည်း တွေ့ကြုံနေရတဲ့ အခက်အခဲတွေ တင်ပြလို့ရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်လည်း ပါမှာပါ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(၁)တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၄)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်နယ်တစ်ခုလုံးမှာ လူဦးရေ (၅.၈)သန်းကျော်နေထိုင်ပြီး လူမျိုးစုပေါင်း (၃၀)ကျော်ရှိတာဖြစ်ပါတယ်။

#လူထုတွေ့ဆုံပွဲ

#အောင်မြတ်ခန်းမ

#ပြည်နယ်ဝန်ကြီးချုပ်

#ပြည်နယ်လွှတ်တော်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin