တာချီလိတ်မြို့ရဲ့ ထိုင်း-မြန်မာနယ်စပ်ကူးတံတား အမှတ်(၁)အနီးက တာလောရပ်ကွက်ဈေးရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။
တချိန်က တာချီလိတ်ကိုရောက်ခဲ့ရင် မသွားမဖြစ်သွားကြလေ့ရှိတဲ့ ဈေးဖြစ်ပါတယ်။
ဈေးထဲမှာ အဝတ်အထည်ကစလို့ လျှပ်စစ်ပစ္စည်းမျိုးစုံရရှိနိုင်ပြီး ထိုင်းနိုင်ငံက လာရောက်လည်ပတ်သူတွေနဲ့ ပြည်တွင်းက လာရောက်လည်ပတ်သူတွေရဲ့ အိမ်အပြန်ပစ္စည်းလက်ဆောင် ဝင်ဝယ်လေ့ရှိတဲ့ ဈေးဖြစ်ပါတယ်။
တချိန်ကတော့ ကြက်ပျံမကျစည်ကားခဲ့တဲ့ ဈေးလေးဟာ အခုတော့ ဈေးရောင်းချသူ ထက်ဝက်မက ကျဆင်းသွားခဲ့တဲ့အပြင် မိုးရာသီရေဘေးဒဏ်သင့်ခဲ့မှုတွေနဲ့အတူ ထိုင်းနိုင်ငံ မယ်ဆိုင်ထဲကို ရွှေ့ပြောင်းသွားကြတဲ့ ဈေးကွက်နဲ့အတူ အသက်ငင်နေတဲ့ လူမမာဖြစ်နေပါပြီ။
တာချီလိတ်မြို့ရဲ့ ရုပ်ဝတ္တုယဉ်ကျေးမှုထဲက တစ်ခုဖြစ်တဲ့ တာလောဈေး ဆက်လက်ရှင်သန်နိုင်ဖို့၊ ကယ်တင်ဖို့အတွက် မြို့သူမြို့သားတွေအပါအဝင် အာဏာပိုင်တွေအနေနဲ့ ဆွေနွေးတိုင်ပင်ပြီး အစီအစဉ်တစ်ရပ်ချမှတ်ဖို့ လိုအပ်နေပါပြီ။














