၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ လပြည့်၊ လကွယ်နေ့တွေမှာ သံဃာတော်တွေကို ဆွမ်းလောင်းလှူဒါန်းခွင့် ပြန်ရဖို့အတွက် အလင်းရောင်ပရဟိတအသင်းက ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌထံ တင်ပြတောင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက် ဒီနေ့ မနက် ၉ နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

