၄ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ပဒုမ္မာအခွေဆိုင်ဘေးလမ်းရှိ ဂျော်နီလျှပ်စစ်ပစ္စည်းဆိုင်အနောက်ဘက်မှာ အလင်းရောင်ပရဟိတအသင်းရဲ့ ရုံးခန်းသစ်ဖွင့်လှစ်ပွဲကို အောက်တိုဘာလ (၄) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပါတယ်။
အလင်းရောင်ပရဟိတအသင်းရဲ့ ရုံးခန်းသစ်ဖွင့်လှစ်ပွဲမှာ ဆရာတော်သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှဝေခြင်းနဲ့ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များက အလင်းရောင်ပရဟိတအသင်းအတွက် အလှူငွေများနဲ့ အမှတ်တရပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ဧည့်သည်တော်များကို နေ့လည်စာ ဧည့်ခံကျွေးမွေးခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလင်းရောင်ပရဟိတအသင်းကို တာချီလိတ်မြို့မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လပြည့်၊ လကွယ်နေ့တွေမှာ သံဃာတော်များကို ဆွမ်းလောင်းလှူခြင်းအပြင် သာရေး၊ နာရေးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

