Language:

တာချီလိတ်မြို့မှာ အမျိုးသား(၅)ဦးထံမှ ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၄) သိန်း ဖမ်းဆီးရမိ


တာချီလိတ်မြို့မှာ အမျိုးသား(၅)ဦးထံမှ ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၄) သိန်း ဖမ်းဆီးရမိ

၂၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မယ်ဆိုင်ချောင်းဘေးမှာ အမျိုးသား (၅)ဦးဆီကနေ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း (၉,၆၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၂၄)သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ (၂၀) ရက်နေ့ ည (၈) နာရီခွဲဝန်းကျင်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနဲ့အတူ မကာဟိုခမ်းရပ်ကွက် မယ်ဆိုင်ရေချောင်းဘေးကို သွားရောက်စစ်ဆေးရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးရှာဖွေရာကနေ တရားခံ စောရန်နိုင်၊ အောင်သူရ၊ အားထူ၊ ဇော်လွင်ဦးနဲ့ လွမ်းကိုကိုမောင် အမျိုးသား (၅)ဦးကို စိတ်ကြွဆေးပြား (၂၄) သိန်းနဲ့ လက်ကိုင်ဖုန်း (၆) လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား (၅)ဦးကို တာချီလိတ်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး အမှုနဲ့ဆက်စပ်တဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ နော်ရှဲလားဟူလမ်းကြားမှာ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့က စစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၃,၉၁၀)တန်ဖိုးရှိအိုက်စ်တွေနဲ့ လက်ကိုင်ဖုန်း (၃) လုံး ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်မှုအရ အမျိုးသား (၄) ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

#တာချီလိတ်မြို့မှာ

#အမျိုးသား(၅)ဦးထံမှ

#ငွေကျပ်သိန်း၉,၆၀၀တန်ဖိုးရှိ

#စိတ်ကြွဆေးပြား(၂၄)သိန်း

#ဖမ်းဆီးရမိ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin