Language:

လှိုင်သာယာမြို့နယ်က 777 ပလတ်စတစ်စက်ရုံ ဓာတ်အားခိုးသုံးလို့ နစ်နာကြေး ကျပ်သန်း ၇၉၀၀ ကျော် ပြန်သွင်းခိုင်း


လှိုင်သာယာမြို့နယ်က 777 ပလတ်စတစ်စက်ရုံ ဓာတ်အားခိုးသုံးလို့ နစ်နာကြေး ကျပ်သန်း ၇၉၀၀ ကျော် ပြန်သွင်းခိုင်း

၂၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်း ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ 777 ပလတ်စတစ်စက်ရုံဟာ လျှပ်စစ်ဓာတ်အားတွေ ခိုးယူသုံးစွဲခဲ့ရာ နိုင်ငံတော်ကို နစ်နာကြေး ကျပ်သန်းပေါင်း ၇,၉၀၉ သန်း ပြန်ပေးသွင်းခိုင်းလိုက်ပြီး ဥပဒေအတိုင်း အရေးယူထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်က 777 ပလတ်စတစ်စက်ရုံမှာ တပ်ထားတဲ့ 2 MVA ထရန်စဖော်မာနဲ့ မီတာမှာ Alarm တက်နေတာကို Control Center ကနေ စတင်သတိပြုမိခဲ့တာပါ။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကော်မတီအဖွဲ့က လူကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ရာမှာ လျှပ်စစ်ဓာတ်အား ခိုးသုံးထားတဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလို ခိုးယူသုံးစွဲခဲ့တဲ့အတွက် မီတာကို ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာသွားတဲ့ လျှပ်စစ်ဓာတ်အားယူနစ် ၁၀ သန်းကျော် (၁၀.၄၆၈ သန်း) အတွက် လျော်ကြေးငွေ ပြန်ပေးသွင်းခိုင်းတာဖြစ်သလို လျှပ်စစ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း လျှပ်စစ်ဝန်ကြီးဌာနရဲ့ Control Center နည်းပညာတွေ ပိုမိုမြင့်မားလာတာကြောင့် ဒီလို မီတာခိုးသုံးတာတွေကို ပိုမို ဖော်ထုတ်နိုင်လာပြီး ပြည်သူတွေအနေနဲ့လည်း လျှပ်စစ်ကို စနစ်တကျသုံးစွဲကြဖို့နဲ့ မီတာခိုးယူသုံးစွဲတာတွေ တွေ့ရှိရင် Call Center တွေဆီ သတင်းပေးကြဖို့ပါ မေတ္တာရပ်ခံထားပါတယ်။

#လှိုင်သာယာမြို့နယ်

#777ပလတ်စတစ်စက်ရုံ

#ဓာတ်အားခိုးသုံး

#နစ်နာကြေး

#ကျပ်သန်း၇၉၀၀ကျော်

#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

#မှုခင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin