Language:

ကြက်တောင်ရိုက်ပြိုင်ပွဲ HERO 87 မှ ကျင်းပပြုလုပ်


ကြက်တောင်ရိုက်ပြိုင်ပွဲ HERO 87 မှ ကျင်းပပြုလုပ်

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

တာချီလိတ်မြို့တွင် ကြက်တောင်အားကစားနည်းကို စိတ်ဝင်စားသူများနှင့် အသက်အရွယ်အလိုက် လူကြီးလူငယ်များ ပါဝင်ယှဥ်ပြိုင်နိုင်ရန်အတွက် HERO 87 BADMINTION CUP OPEN ပြိုင်ပွဲကြီးကို (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ပြိုင်ပွဲကို လုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အားကစားကိုပိုစိတ်ဝင်စားလာစေဖို့နဲ့ ကစားသမားတွေအချင်းချင်း ယှဥ်ပြိုင်ခွင်နှင့် အတွေ့ကြုံရရှိစေဖို့အတွက်ဖြစ်တယ်”လို့ HERO 87က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် နှစ်ဦးတွဲပြိုင်ပွဲများအဖြစ် စုစုပေါင်း (၁၉၁)ပွဲပါဝင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်အဆင့်နဲ့ အပျော်တမ်းအဆင့်တို့ပါဝင်ကာ LEVEL(၆)မျိုး ရှိတာကြောင့် ဆုကြေးတွေကလည်း(၆)မျိုးပါဝင်တာဖြစ်ပြီး LEVEL တစ်ခုစီတိုင်းမှာ ပထမ ဒုတိယ တတိယ ပြန်ခွဲပေးတာမျိုး ဖြစ်ပါတယ်။

ကြက်တောင်ရိုက်အားကစားနည်းက ကိုယ်လက်လှုပ်ရှားမှုရှိစေသည့်အပြင် သွက်လက်မှု ခံနိုင်ရည်နှင့် အာရုံစူးစိုက်မှုတို့ကို တိုးတက်စေသည့် အားကစားနည်းတစ်ခုဖြစ်ပြီး ပြိုင်ပွဲများ ကျင်းပပေးချင်းများကြောင့် လူငယ်များအနေဖြင့် အားကစားလှုပ်ရှားမှုများတွင် ပိုမိုပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။

#အားကစား

#ကြက်တောင်

#ပြိုင်ပွဲ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin