ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် တာချီလိတ်မြို့နယ်က ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၆၆) ဦးရှိကာ (၉၉)ဦးသာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ထိုအထဲတွင် ဂုဏ်ထူး ၂ ဘာသာဖြင့် (၅) ဦးနှင့် (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ (၁၅) ရှိပြီး ကျန်သူများမှာ ရိုးရိုးသာအောင်မြင်ခဲ့ပါတယ်။
တာချီလိတ်မြို့ တွင် အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း၊ အထက်တန်း(ခွဲ) ၆ ကျောင်း စုစုပေါင်း ၉ ကျောင်းရှိပါတယ်။
တာချီလိတ်မြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းတွင် ၃၇.၂၂ ရာခိုင်နှုန်းဖြင့် တတိယအောင်မြင်သူ အများဆုံးမြို့နယ်တစ်ခုဖြစ်ပါသည်။ တာချီလိတ်မြို့ အထက်တန်းကျောင်းတွင် စာသင်ကြားနေသော ဆရာတစ်ဦးကတော့ “ဒီနှစ်က မနှစ်ကထက် ပိုများတာ၊ မနှစ်က ၇ ယောက်ပဲအောင်တာ” ဟု အရှေ့သံလွင်မီဒီယာကို ပြောကြားခဲ့ပါတယ်။
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ဦးရေ ( ၂၅၅,၂၂၈ ) ဦးရှိပြီး အောင်မြင်သူဦးရေ ( ၁၃၃,၆၇၃) ဦးအောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
