Language:

ချေးငွေပေးဆပ်ရန် ပျက်ကွက်နေတဲ့ ကုမ္ပဏီ (၂၃)ခု Black List သတ်မှတ်ခံထားရ


ချေးငွေပေးဆပ်ရန် ပျက်ကွက်နေတဲ့ ကုမ္ပဏီ (၂၃)ခု Black List သတ်မှတ်ခံထားရ

တည်ဆဲ ဥပဒေတွေကို ဆက်လက်လိုက်နာဖို့ DICA ကသတိပေးနေ

၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအပြင် သက်ဆိုင်ရာအစိုးရဌာန ၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တည်ဆဲဥပဒေ ၊ နည်းဥပဒေတွေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာဆောင်ရွက်ရမယ်လို့ DICA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ သက်ဆိုင်တဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက DICA ဝက်ဘ်ဆိုက်ကနေတစ်ဆင့် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

DICA ရဲ့ အသိပေးကြေညာချက်မှာ ပူးတွဲဖော်ပြထားတဲ့ ကုမ္ပဏီ (၂၃) ခုနဲ့ အဆိုပါကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ချေးငွေ (၂၀၂၄) ဖြစ်စဉ်မှာ ချေးငွေရယူပြီး ချေးငွေဆက်လက်ပေးဆပ်ရန် ပျက်ကွက်နေတဲ့ ကုမ္ပဏီတွေအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမည်မည်းစာရင်း (Black List) သတ်မှတ်ထားပြဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီ (၂၃)ခုနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို Black List သတ်မှတ်ထားကြောင်း အများပြည်သူသိရှိနိုင်စေရန် DICA ရဲ့ ဝက်ဘ်ဆိုက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

DICA အနေနဲ့ ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့အပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ သတ်မှတ်ချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ ထပ်မံအသိပေးထားပါတယ်။

လက်ရှိမှာ DICA ဟာ အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ဥပဒေ၊ နည်းဥပဒေလိုက်နာမှုတွေကို သက်ဆိုင်ရာပြဋ္ဌာန်းချက်တွေအရ ဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိတဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

#BlackList

#DICA

#ကုမ္ပဏီများ

#ချေးငွေ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin