Language:

ကျိုင်းတုံ-မိုင်းလား လမ်းမကြီးပြုပြင်ရေးနှင့် မိုင်းယုတံတားပြန်လည်ဖွင့်လှစ်ရေး မိုင်းလားတပ်ဖွဲ့တောင်းဆို


ကျိုင်းတုံ-မိုင်းလား လမ်းမကြီးပြုပြင်ရေးနှင့် မိုင်းယုတံတားပြန်လည်ဖွင့်လှစ်ရေး မိုင်းလားတပ်ဖွဲ့တောင်းဆို

၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

NPW

အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)တို့ ငြိမ်းချမ်းရေးအတွက် သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ မိုင်းလားဒေသကို မြင့်မားတဲ့ အဆင့်အတန်းတစ်ခုရောက်အောင် တည်ဆဲဥပဒေတွေနဲ့အညီ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းနဲ့ တစ်ဖက်နဲ့တစ်ဖက် လိုလားချက်တွေကို ပြေလည်အောင် ညှိနှိုင်းပေးမှာဖြစ်ကြောင်း NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံ-မိုင်းလား ခရီးသွားလာရေးအတွက် အဓိကအသုံးပြုနေတဲ့ တာပင်းတံတား လမ်းမကြီးတစ်လျှောက် ပျက်စီးနေသောအပိုင်းများကို ပြုပြင်ရေးအတွက် မိုင်းလားတပ်ဖွဲ့က တောင်းဆိုထားပြီး မိုင်းလားတပ်ဖွဲ့ပိုင် အရှေ့ဘက်ဧရိယာနှင့် ထိစပ်နေတဲ့ မိုင်းယုမြို့က ကျိုင်းယန်းတံတားကို ပြန်လည်ဖွင့်လှစ်ပြီး ကူးသန်းခွင့်ပေးရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မိုင်းယုမြို့က ကျိုင်းယန်းတံတားမှာ ကိုဗစ်ကာလအတွင်းက ရောဂါကာကွယ်ထိန်းသိမ်းရေးအတွက် တံတားပေါ်မှ ဖြတ်သန်းခွင့်ကို ပိတ်သိမ်းထားတာဖြစ်ပြီး ဝမ်တာပင်းလမ်းမှာ ပြန်လည်ပြုပြင်မှုအားနည်းခဲ့တဲ့အတွက် လမ်းမှာပျက်စီးယိုယွင်းနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)ဥက္ကဌ ဦးထိန်လင်းက ဥက္ကဌဟောင်း ဦးစိုင်းလင်းရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို အမွေဆက်ခံပြီး ဆက်လက်ဆောင်ရွက်နေပြီး နိုင်ငံတော်အကြီးအကဲတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်ပေးစေလိုကြောင်းနဲ့ လမ်းညွန်ချက်ကို ဒေသခံပြည်သူတွေကို ချပြဆောင်ရွက်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ကျိုင်းတုံ-မိုင်းလား လမ်းမကြီးပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတား ပုံမှန်ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေး၊ ကျန်းမာရေး၊ ပညာ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ စိုက်ပျိုးရေးထွက်ကုန်တွေအတွက် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး နှစ်ဖက်ဆွေးနွေးတာတွေကို နိုင်ငံတော်အကြီးအကဲဆီ တင်ပြပြီး ညွှန်ကြားချက် မူဝါဒတွေနဲ့အညီ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

#မိုင်းယုတံတား

#ငြိမ်းချမ်းရေး

#လမ်းပြုပြင်ရေး

#မိုင်းလား

#NDAA

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin