Language:


အယ်လ်နီညိုအပူဒဏ်ကို သတိပြုကာကွယ်နေထိုင်ရန် ကျန်းမာရေးဦးစီးဌာန အကြံပြု

၁၅ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မှာ အယ်လ်နီညိုရာသီဥတု သက်ရောက်နိုင်ပြီး အပူချိန်မြင့်တက်လာနိုင်လို့ ရေဓာတ်ခမ်းခြောက်တာ အပူရှပ်ခြင်းအပြင် အပူဒဏ်ဆိုင်ရာ ကျန်းမာရေး အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ သတိပြုနေထိုင်ကြဖို့ တာချီလိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက အကြံပြုထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ နေပူပြင်းတဲ့အချိန် အပြင်ထွက်သွားလာတာကို ရှောင်ရှားကာ ရေလုံလောက်စွာ သောက်သုံးရန် အာဟာရပြည့်ဝစွာ စားသောက်ပြီး အရိပ်ရတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ တာချီလိတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနက အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin