၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ထိုင်း- မြန်မာနယ်စပ် စံခလာဘူရီခရိုင်ရှိ နေအိမ်တစ်လုံးမှာ ကြာသပတေးနေ့က တရားမဝင် အင်တာနက်ကြိုးတစ်ချောင်းကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
၎င်းတရားမဝင်အင်တာနက်ကြိုးဟာ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်ကို ရောက်ရှိနေကာ ကြိုး၏တစ်ဖက်စွန်းက ကာစီနိုတစ်ခုဖြစ်နိုင်တယ်လို့ ထိုင်း အာဏာပိုင်များက ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးကို အမျိုးသား အသံလွှင့်ဆက်သွယ်ရေးကော်မရှင်က ဦးဆောင်ခဲ့ကာ ယာယီအထွေထွေအတွင်းရေးမှူး Trairat Viriyasirikul နဲ့ ရဲတပ်ဖွဲ့များ စစ်သားများလည်း ပူးပေါင်းပါဝင်ခဲ့ကာ စစ်ဆင်ရေးကို ကြာသပတေးနေ့ တစ်နေ့လုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
အာဏာပိုင်များသည် နွန်းလူ ရပ်ကွက်ရှိ အိမ် နှစ်လုံးကို စစ်ဆေးခဲ့ရာ ထိုအိမ်များတွင် အင်တာနက် သုံးစွဲမှု ပုံမှန် မဟုတ်ဘဲ မြင့်တက်နေကာ အိမ်တစ်လုံးအတွက် သုံးစွဲမှုသည် ပုံမှန် အိမ်များနဲ့ မတူခဲ့သောကြောင့် စတင် စုံစမ်းခဲ့တာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင် အဖွဲ့က ကျေးရွာ ၉ ကျေးရွာရှိ အိမ် တစ်လုံးကို ရှာဖွေခဲ့ရာ အိမ်အတွင်းမှ ကြိုး တစ်ချောင်းထွက်နေပြီး ထိုကြိုးသည် ထိုင်းမြန်မာ နယ်စပ်က နောက်အိမ်တစ်လုံးသို့ ရောက်ရှိနေကာ နောက်အိမ်၏ တံခါးကလည်း မြန်မာဘက်သို့ ဖွင့်ထားသည်ဟု ဆိုပါတယ်။
အထူးကိရိယာဖြင့် တိုင်းတာရာမှာတော့ ကြိုးဟာ မီတာ ၃၅၀ ခန့် ရှည်ပြီး ထိုအကွာအဝေးက ကာစီနိုသို့ ရောက်နိုင်တယ်လို့ အာဏာပိုင်များကဆိုပါတယ်။
နယ်စပ်ဒေသများ၌ တရားမဝင် လောင်းကစားရုံများ ရှိနေတတ်ရာ ထိုရုံများက ထိုင်းဘက်မှ အင်တာနက်ရယူရန် ကြိုးစားလေ့ရှိကာ အာဏာပိုင်များက နယ်စပ်ဆက်သွယ်ရေး ကွန်ရက်များကို စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
ဖြစ်စဉ်အရ အိမ် ပိုင်ရှင်များကို တရားမဝင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်သည်ဟုဆိုကာ တရားစွဲဆိုထားကာ နယ်စပ်တစ်လျှောက် တရားမဝင် ကြိုးများ ရှိသေးလား ဆိုသည်ကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
#ထိုင်း-မြန်မာနယ်စပ်

