Language:

အမေရိကန်ရှိ မူလတန်းကျောင်းမှာ လူငယ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကလေး ၃ ဦးနဲ့ ဆရာမ ၁ ဦး အသက်ဆုံးရှုံးခဲ့ရ


အမေရိကန်ရှိ မူလတန်းကျောင်းမှာ လူငယ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကလေး ၃ ဦးနဲ့ ဆရာမ ၁ ဦး အသက်ဆုံးရှုံးခဲ့ရ

၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

အမေရိကန်နိုင်ငံ အော်ရီဂွန် ပြည်နယ်က Bend မြို့ရှိ Silver Rail မူလတန်းကျောင်းမှာ အောက်တိုဘာ ၁၅ ရက်က အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၃ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ရတယ်လို့ ရဲမှူး Mike Krantz ရဲ့ အတည်ပြု ပြောကြားချက်အရ သိရပါတယ်။

ပစ်ခတ်သူကိုလည်း အနီးရှိ လူ တစ်ဦးက ပစ်ခတ်ခဲ့တယ်လို့ ရဲမှူး Mike Krantz က အတည်ပြု ပြောကြားထားကာ သေဆုံးသော ကလေးများ၏ အသက်မှာ ၅ နှစ်၊ ၈ နှစ်နှင့် ၁၁ နှစ် ဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် ကလေး တစ်ဦးနဲ့ ဆရာမ တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရပြီး ဒဏ်ရာရသူမှာ အသက် ၇ နှစ် ကလေးနှင့် အသက် ၅၄ နှစ် ဆရာမတို့ဖြစ်ကာ သူတို့ကို St. Charles ဆေးရုံသို့ ပို့ထားပြီး သေဆုံးသူများ၏ အမည်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ မိသားစုများကိုတော့ အကြောင်းကြားပြီး ဖြစ်သည် ဟု ရဲများက ပြောသည်။

ဖြစ်စဉ်အတွင်း ကျောင်းသားများကို အနီးရှိ ဘုရားကျောင်းသို့ ရွှေ့ပြောင်းခဲ့ပြီး ကလေးများ မိဘများနှင့် ပြန်လည် ဆုံတွေ့ခဲ့ရပြီး အဆိုပါ ကျောင်း၌ ကျောင်းသား ၄၅၉ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။

#အမေရိကန်မူလတန်းကျောင်း

#လူငယ်တစ်ဦး

#တိုက်ခိုက်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin